လက်ရှိအချိန်မှာဆိုရင်တော့ တရုတ်နိုင်ငံအတွင်းမှာ လမ်းသန့်ရှင်းရေး အလုပ်သမားတစ်ဦးဖြစ်တဲ့ အသက် ၅၈ နှစ်အရွယ် မစ္စတာဇိုကို နှလုံးလှသူရဲကောင်းအဖြစ် ဂုဏ်ပြုဖော်ပြနေကြတယ်လို့သိရပါတယ်။

ဘာကြောင့်လဲဆိုရင်တော့ ၎င်းအဘိုးအရွယ်အမျိုးသားဟာ တစ်လမှာ ယွမ် ၂၀၀၀ သာ လုပ်ခလစာရပေမယ့် ပြီးခဲ့တဲ့ နှစ် ၃၀ အတွင်း မရှိဆင်းရဲသား ကလေးငယ်ပေါင်းများစွာကို ယွမ် ၁ သိန်း ၈ သောင်း လှူဒါန်းခဲ့တာကြောင့်ပဲဖြစ်ပါတယ်။

အခုလိုလှူဒါန်ခဲ့တဲ့ အဘိုးအိုဟာ ပြေလည်တဲ့သူတစ်ယောက်မဟုတ်ဘဲ သူကိုယ်တိုင်လည်း မိသားစုနဲ့ ဆင်းဆင်းရဲရဲနေထိုင်နေရသူတစ်ဦးပဲဖြစ်ပဲဖြစ်ပါတယ်။

ဘာကြောင့်အခုလိုလှူဒါန်းရတာလဲဆိုရင်တော့ သူဟာငယ်ငယ်ထဲက ဆင်းရဲတွင်းထဲမှာ နေထိုင်ခဲ့ရသူဖြစ်ပြီး လူ့လောကအကြောင်း ကောင်းကောင်းမသိသေးခင်မှာတင် သူ့ရဲ့အဖြစ်သူက သေဆုံးသွားခဲ့ပါတယ်။

ဒါ့ကြောင့် ဇိုဟာ စိတ်ရောဂါသည်မိခင်ကြီးနဲ့အတူ ဘဝကို ကြမ်းတမ်းစွာဖြတ်သန်းခဲ့ရပြီး တရွာလုံးရဲ့အကူအညီနဲ့ အသက်ရှင်နေထိုင်လာခဲ့ရသူတစ်ဦးပဲဖြစ်ပါတယ်။

ဒါ့ကြောင့် သူသန့်ရှင်းရေးအလုပ်လေးရတဲ့အချိန်ကနေစပြီး သူ့လိုဆင်းရဲစွာအသက်ရှင်နေရတဲ့ ကလေးငယ်တွေကို ရတဲ့လစာထဲကနေ ငွေကြေးအနည်းငယ်ကိုဖဲ့ဖဲ့ပြီး အမြဲလှူဒါန်းလာခဲ့တာပဲဖြစ်ပါတယ်။

အခုလိုလှူဒါန်းတဲ့အတွက်ကြောင့်ဆိုရင်လည်း ဇိုဟာ နေ့စဉ်ခေါက်ဆွဲပြုတ်ကိုသာစားနေရပေမယ့် သူအခုလိုလှူဒန်းနေတာကိုပဲ အမြဲကျေနပ်ပြီး ပိတီဖြစ်နေသူတစ်ဦးပဲဖြစ်ပါတယ်။

ဒါ့အပြင် ဇိုဟာ သူလှူဒါန်းသမျှနဲ့ပတ်သတ်ပြီး တစုံတရာမှ ပြန်လည်ရယူလိုစိတ်မရှိသလို အမြဲလိုလို လှူဒါန်းနေရင်ပျော်နေတတ်သူတစ်ဦးပဲဖြစ်ပါတယ်။

ဒ့ါကြောင့် သူ့ရဲ့ဖြူစင်သန့်ရှင်းလှတဲ့ စိတ်စေတနာလေးဟာ လူအများများကြားမှာ တဖြေးဖြေးပျံ့လွှင့်လာပြီး အခုဆိုရင် နှလုံးလှသူရဲကောင်းကြီး ဇိုဆိုပြီး လူအများရဲ့ ဝိုင်းဝန်းကောင်းချီးပေးမှူတွေကို ခံနေရပြီပဲဖြစ်ပါတယ်။

လူချမ်းသာတွေသာမှာ အသက် ၅၈ နှစ်အရွယ် လမ်းသန့်ရှင်းရေး အလုပ်သမားအဘိုးကြီး ဇိုလို စိတ်ထားလေးတွေရှိကြရင် ဘယ်လောက်ကောင်းလိုက်မလဲနော် ပရိသတ်ကြီးရေ။

SOURCE - Oddity Channel

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။