Longspine squirrel fish လို့‌ခေါ်တဲ့ ရှဉ့်ငါးကတော့ လိမ္မော်ရောင် ကိုယ်ထည်နဲ့ ပင်လယ်ငါးမျိုးစိတ်တစ်မျိုးဖြစ်ပြီး သိပ္ပံနာမည်မှာ Holocentrus Rufus လို့ခေါ်ပါတယ်။ Holocentrinae ငါးမျိုးစိတ်ပေါင်း ၁၅၀ ထဲက တစ်မျိုးဖြစ်ပြီး ထူးထူးခြားခြား ကြီးမားတဲ့ မျက်လုံးကြီးတွေ ပိုင်ဆိုင်ထားတဲ့ ငါးမျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါအပြင် အခြားငါးမျိုးစိတ်တွေနဲ့ မတူဘဲ ဒီရှဉ့်ငါးတွေရဲ့ စအိုပိုင်းဆူးတောင်မှာ ရှည်လျားချွန်ထက်နေပါတယ်။ သေးငယ်တဲ့ ငါးမျိုးစိတ် တစ်မျိုးဖြစ်ပြီး ပျမ်းမျှ စုစုပေါင်းခန္ဓာကိုယ်အရှည်မှာ ၁၈ စင်တီမီတာ ( ၇.၈ လက်မ ) ရှိပါတယ်။ 

ခန္ဓာကိုယ်အရေပြားအရောင်မှာ ရောင်ပြေး နှစ်ရောင်စပ်လေး ဖြစ်ပြီး ကျောပိုင်းမှာ ငွေရောင် နဲ့ တဖြည်းဖြည်း ခန္ဓာကိုယ်အပေါ်ပိုင်းမှာ လိမ္မော်ရောင် တို့ဖြင့် ဖွဲ့စည်းထားပါတယ်။ ပင်လယ်သမုဒ္ဒရာရဲ့ ဒီ Longspine squirrel fish တွေဟာ အပူပိုင်းရေတိမ်ပိုင်းတွေမှာ ရှိတဲ့ ကျောက်ဆောင် ၊ ကျောက်တန်း ၊ သန္တာကျောက်တန်းတို့မှာ ပုန်းကွယ် နေတတ်ကြပြီး ခန္ဓာကိုယ်နဲ့ မလိုက်အောင် ကြီးမားတဲ့ အနက်ရောင် မျက်လုံးကြီးတွေ ပါရှိကြပါတယ်။ ရှဉ့်တွေရဲ့ မျက်လုံးကဲ့သို့ မျက်လုံး‌ဝိုင်းဝိုင်းတွေနဲ့ ရှည်လျားတဲ့ ဆူးတောင် တို့ကြောင့် Longspine squirrel fish လို့ ခေါ်တာပဲ ဖြစ်ပါတယ်။ 

အများအားဖြင့် ပင်လယ်ရေအောက်က crustaceans ၊ mollusks ၊ gastropods တွေကို စားသုံးကြပြီး အခြားငါးတွေရဲ့ သားလောင်းဥငယ်တွေကိုလည်း စားသုံးလေ့ ရှိပါတယ်။ ဒါအပြင် ထူးထူးခြားခြား အကောင်နဲ့မလိုက် သားကောင်ကို အာရုံပြောင်း ခြောက်လှန့်နိုင်တဲ့ အသံတုတစ်ခု ပါရှိပြီး ညနေစောင်းချိန်တွေမှာ ထိုအသံကို ထုတ်လွှင့်လေ့ ရှိကြပါတယ်။ ‌စီးပွားဖြစ် မွေးမြူတဲ့ ငါးမျိုးစိတ် မဟုတ်သလို လူတို့ စားသုံးလေ့ မရှိတဲ့ Longspine squirrel fish တွေဟာ အကြမ်းခံပြီး အတော်ကို အသက်ပြင်းတဲ့ ငါးမျိုးစိတ်လို့လည်း ထင်ရှားပါသေးတယ်။ ငါးပြတိုက် နဲ့ သဘာဝသမိုင်းပြတိုက်တွေမှာ တွေ့ရလေ့ရှိပြီး လက်ရှိမှာတော့ အကောင်ရေများစွာရှိတာကြောင့် စိုးရိမ်စရာ မလိုတဲ့ ငါးမျိုးစိတ်လေးပဲ ဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။