ပွဲဦးထွက်လာတာ ၃၁ နှစ် ရှိသွားပြီဖြစ်တဲ့ တောင်ကိုရီးယားမင်းသား Jang Geun Suk ဟာဆိုရင် ရည်းစားရှိနေပြီလားဆိုတဲ့ မေးခွန်းကို တုံဆိုင်းခြင်းမရှိဘဲ ပေါ့ပေါ့ပါးပါး ဖြေဆိုခဲ့ပါတယ်။  အခုအကြောင်းအရာကို Jang Geun Suk က KBS 2 အစီအစဉ်ဖြစ်တဲ့ Year-round Plus မှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။ Jang Geun Suk က လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကတည်းက ပွဲဦးထွက်လာခဲ့တဲ့ စီနီယာ သရုပ်ဆောင်ကြီးတစ်ယောက်ဖြစ်ပါတယ်။ Jang Geun Suk ကို မြန်မာ ပရိသတ်တွေက Angle ချစ်သူ ဇာတ်လမ်းနဲ့ အသိများခဲ့ကြတာဖြစ်ပါတယ်။ Jang Geun Suk က အလွန်အမင်း ကိုယ် အလေးချိန်တက်လာမှုကြောင့် အနုပညာ လှုပ်ရှားမှုကနေပြီး ရပ်နားရမလို ဖြစ်ခဲ့ပါသေးတယ်။

Google
Google

Jang Geun Suk က သူ့မှာ ရည်းစား ရှိနေပြီလားဆိုတဲ့ မေးခွန်းကို ကျွန်တော့် ဘေးနားမှာ အချိန်တိုင်းလိုလို ရှိနေပေးကိုပေးရမယ့် တစ်စုံတစ်ယောက် ရှိဖို့လိုတယ်လို့ပေါ့ပေါ့ပါးပါးလေး ပြန်ဖြေခဲ့ပါတယ်။ ဒါ ကြောင့် ပရိသတ်တွေက Jang Geun Suk မှာ တန်ဖိုးထားရတဲ့ ချစ်သူကောင်မလေးတစ်ယောက် ရှိကောင်းရှိနေလောက်ပြီလို့ ယူဆခဲ့ကြပါတယ်။

Google
Google

Jang Geun Suk က လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကတည်းက ပွဲဦးထွက်လာခဲ့တဲ့ စီနီယာ သရုပ်ဆောင်ကြီးတစ်ယောက်ဖြစ်ပါတယ်။ Jang Geun Suk က သူ့မှာ ရည်းစား ရှိနေပြီလားဆိုတဲ့ ပရိသတ်တွေရဲ့ မေးခွန်းကို ဖြေဆိုတဲ့ နေရာမှာ တုံဆိုင်းခြင်း မရှိဘဲ ပေါ့ပေါ့ ပါးပါး ဖြေဆိုခဲ့ပါတယ်။

Google

Jang Geun Suk က လက်ရှိမှာ The Bait ဇာတ်လမ်းထဲမှာ ပါဝင်သရုပ်ဆောင်ထားပြီး ပွဲဦးထွက်အနေနဲ့ အနုပညာလောကထဲကို ပြန်လည် ဝင်ရောက်လျက်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။