ပြီးခဲ့တဲ့ ရက်ပိုင်းက ချီလီနိုင်ငံတောင်ပိုင်း ပွာအာတို မိုနာမြို့မှာ လေယာဉ်တစ်စင်း ပျက်ကျခဲ့တယ်လို့သိရပါတယ်။
၎င်းလေယာဉ်ကတော့ ကိုယ်ပိုင်လေယာဉ်ငယ်တစင်းဖြစ်ပြီး ပွာအာတို မိုနာမြို့မှာရှိတဲ့ လေဆိပ်အသေးစားတခုကနေ ပျံတက်လာပြီး သိပ်မကြာခင်မှာ ပျက်ကျခဲ့တာပဲဖြစ်ပါတယ်။
![](https://s4.kh1.co/0d/0d7de2b33159ae35e0ca5152975b7999ff35695e.jpg)
ဒါ့အပြင် ၎င်းလေယာဉ်ငယ်ဟာ လူနေအိမ်ပေါ်ကို ပျက်ကျခဲ့တာကြောင့် ၎င်းအိမ်ရဲ့ ခေါင်မိုးက မီးလောင်ကျွမ်းသွားခဲ့ပါတယ်။
၎င်းလေယာဉ်ပေါ်မှာဆိုင်ရင်လည်း လေယာဉ်မှူးအပြင် အမျိုးသား သုံးဦးနဲ့ အမျိုးနှစ်ဦးလိုက်ပါလာခဲ့ပါတယ်။
![](https://s5.kh1.co/1a/1a60422e95904507597096cf6330f6aa3154f4cc.jpg)
၎င်းလေယာဉ်ပေါ်မှာလိုက်ပါလာတဲ့ လေယာဉ်မှူးအပါအဝင် လိုက်ပါလာသူတွေအကုန်လုံးဟာ လေယာဉ်ပျက်ကျတဲ့နေရာမှာတင် သေဆုံးသွားခဲ့ကြတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ ၎င်းလေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို ရှာဖွေစစ်ဆေးနေကြတယ်လို့လည်း သိရပါတယ်။
![](https://s4.kh1.co/64/64a811aca010173b1c0df499b8755bb1940af76c.jpg)
source - dvb
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။