ထိုင်းနိုင်ငံရဲ့ လူမှုကွန်ယက်ပေါ်မှာဆိုရင်တော့ မျက်နှာမှာ ပြည်သူတွေလိမ်းခြယ်ပေးထားတဲ့ ပေါင်ဒါတွေပြည့်နေတဲ့ ယာဉ်ထိန်းရဲဝန်ထမ်းရဲ့ ပုံရိပ်တွေဟာ အရမ်းကို လူစိတ်ဝင်စားမှု မြင့်တက်နေပါတယ်။
ထိုယာဉ်ထိန်းရဲဝန်ထမ်းကတော့ လုပ်ပူရီခရိုင် ချိုင်းပါတန်းမြို့နယ် ရဲတပ်ဖွဲ့က ဒုရဲအုပ် ထန်းဆကွန်း ထန်းဆထွန်းနစ် ပဲဖြစ်ပါတယ်။
![](https://s4.kh1.co/60/603373e62bafc1df24258c16b043d43dbd4f27cc.jpg)
သူကတော့ ပြီးခဲ့တဲ့ သြင်္ကန်တွင်းတုန်းက စေတနာရှေ့ထားပြီး ပြည်သူတွေကို ဘေးရန်ကင်းစွာ ရေကစားဖို့ နဲ့ သတိထားရမယ့် အချက်တွေကို လိုက်လံနှိုးဆော်ပေးခဲ့တဲ့ ယာဉ်ထိန်းရဲကြီးဖြစ်သလို သူ့ရဲ့ ရင်းရင်းနှီးနှီးဆက်ဆံမှုတွေကြောင့် ပြည်သူတွေဟာ ၎င်းရဲဝန်ထမ်းကြီးရဲ့ မျက်နှာမှာ ပေါင်ဒါတွေ အပြည့်ဖြစ်သွားအောင် ဝိုင်းလိမ်းပေးခဲ့ကြပါတယ်။
အဲ့ဒီနောက်မှာတော့ ဘေးနားကပြည်သူတွေကပဲ ၎င်းယာဉ်ထိန်းရဲဝန်းထမ်းကြီးရဲ့ မျက်နှာကို ဓာတ်ပုံရိုက်ကာ လူမှုကွန်ယက်ပေါ် တင်ခဲ့ရာကနေ ရဲဝန်းထမ်းကြီးရဲ့ ဖော်ရွေမှုတွေကို လူအများက ဝိုင်းဝန်း အသိအမှတ်ပြုခဲ့ကြတာပဲဖြစ်ပါတယ်။
![](https://s4.kh1.co/35/35df0e816dce8445988d2dea45115c81974d13f1.jpg)
လက်ရှိအချိန်မှာဆိုရင်လည်း စိတ်သဘောထားကောင်းလွန်းတဲ့ ၎င်းယာဉ်ထိန်းရဲဝန်းထမ်းကြီးဟာ သူ့ရဲ့ စေတနာကနေ အကျိုးပေးလာတဲ့ စံပြဂုဏ်ပြုလက်မှတ်နဲ့ ဆုကြေးငွေသားတွေကို ချီးမြှင့်ပေးအပ်ခံခဲ့ရပါတယ်။
၎င်းယာဉ်ထိန်းရဲဝန်ထမ်းကြီးကို ဆုချီးမြှင့်ခံရတဲ့အထိ ပြည်သူတွေနဲ့သူ့ရဲ့ကြားက ချစ်ကြည်ရင်းနှီးမှုတွေပေါ်လွင်နေတဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
![](https://s6.kh1.co/b9/b9c9cefb23d716a1acf6c67a430e6f75c27d0e1e.jpg)
![](https://s5.kh1.co/d9/d930e26d580ea555430667722119d7722d1fd7c7.jpg)
PHOTO CREDIT ORIGINAL UPLODER
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။