၆ ရက်တာကျင်းပခဲ့တဲ့ ထိုင်းသြင်္ကန်ရေသဘင်ပွဲ အပွဲအတွင်းမှာတော့ ယာဉ်မတော်တဆ ထိခိုက်မှုပေါင်း ၃၀၆၈ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် ထိခိုက် ဒဏ်ရာရရှိသူ ဦးရေဟာဆိုရင်လည်း ၃၁၇၆ ဦးအထိ ရှိခဲ့တယ်လို့သိရပါတယ်။

၎င်းမတော်တဆမှုတွေထဲက ၃၀ ဒသမ ၅ ရာခိုင်နှုန်းလောက်ကတော့ သတ်မှတ်ထားတဲ့အရှိန်ထက် ပိုမောင်းရာကနေ ဖြစ်ပေါ်လာတဲ့ မတော်တဆမှုတွေဖြစ်ပြီး နောက်ထပ် ၂၇ ဒသမ ၇၉ ရာခိုင်နှုန်းလောက်က မူးယစ်ပီးမောင်းနှင်တာကြောင့်ဖြစ်တဲ့ မတော်တဆမှုတွေလို့ သိရပါတယ်။

ဒါ့အပြင် မတော်တဆမှုဖြစ်ပွားခဲ့တဲ့ ယာဉ်အမျိုးအစားတွေထဲက ၇၈ ဒသမ ၈၄ ရာခိုင်းနှုန်းလောက်ဟာ မော်တော်ဆိုင်ကယ်တွေဖြစ်တယ်လို့လည်း သိရပါတယ်။

အခုလိုစည်းကမ်းမလိုက်ရာကနေ ဖြစ်ပေါ်လာခဲ့တဲ့ မတော်တဆမှုတွေကြောင့် သြင်္ကန်ကာလအတွင်း သေဆုံးသူဦးရေဟာဆိုရင်လည်း ၃၄၈ ဦးအထိရှိခဲ့ပါတယ်။

၎င်းသေဆုံးသူ ၃၄၈ ဦးဟာတနိုင်ငံလုံးအတိုင်းအတာအနေနဲ့ဆိုပေမယ့် အင်မတန်များပြားတဲ့ သေဆုံးသူဦးရေပဲဖြစ်ပါတယ်။

SOURCE - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။