လူငယ်တွေကြားမှာတော့ ဆိုင်ကယ်ကို အိတ်ဇောဖြုတ်ပြီးမောင်းတာဟာ စတိုင်တခုလိုဖြစ်နေတာလားဆိုတာ မသဲကွဲပေမယ့် တော်တော်များများကတော့ ဆိုင်ကယ်ကို အိတ်ဇောဖြုတ်ပီး မောင်းနှင်နေကြတာတွေ့ရပါတယ်။

ဆိုင်ကယ်ကို အိတ်ဇောဖြုတ်မောင်းတာက မောင်းနှင်တဲ့သူအတွက်တော့ ဘယ်လိုနေလဲမသိပေမယ့် ဘေးနားကခံရတဲ့လူတွေတိုင်းအတွက် ဘယ်လောက်နားညီးတယ်ဆိုတာ ကြုံဖူးတဲ့သူတိုင်းသိကြမယ်ထင်ပါတယ်။

လတ်တလောလူမှုကွန်ယက်ပေါ်မှာဆိုရင်လည်း ဆိုင်ကယ်ကို အိတ်ဇောဖြုတ်မောင်းတဲ့ အရပ်သားတဦးကို ပညာသားပါပါနဲ့ အပြစ်ပေးခဲ့တဲ့ ရဲဝန်ထမ်းတွေရဲ့ ဗီဒီယိုလေးတခုမှာ လူစိတ်ဝင်စားမှုမြင့်တက်နေတာ တွေ့ရပါတယ်။

ဒီဗီယိုလေးထဲမှာတော့ ရဲဝန်ထမ်းတွေဟာ အိတ်ဇောဖြုတ်မောင်းတဲ့ အရပ်သားကို ဒဏ်ငွေဆောင်ခိုင်းတာတွေ ဆိုင်ကယ်သိမ်းတာတွေမလုပ်ဘဲ သူ့ရဲ့နားကို ဆိုင်ကယ်အိတ်ဇောနားကပ်ကာ လီဗာဆွဲပြီး ဘယ်လောက်နားညီးတယ်ဆိုတာကို ကိုယ်တိုင်ခံစားစေခဲ့ပါတယ်။

ဒီဗီဒီယိုကိုမြင်တွေ့ပြီးသွားတဲ့ မိဘပြည်သူတွေဟာဆိုရင်လည်း ဒီလိုလူမျိုးတွေကို ဒဏ်ငွေဆောင်ခိုင်းတာထက် အခုလိုအပြစ်ပေးတာက ပိုထိရောက်တယ် ပိုကောင်းတယ်ဆိုပြီး မှတ်ချက်ပေးရေးသားခဲ့ကြတာတွေ့ရပါတယ်။

ပရိသတ်တွေရော ရဲဝန်ထမ်းကြီးတွေပေးခဲ့တဲ့ အခုလိုအပစ်ပေးနည်းကို လက်ခံကြိုက်နှစ်သက်ကြရဲ့လား။

Video credit – Rio Akbar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။