ရုရှားနိုင်ငံ၊ မြို့တော် မော်စကိုမြို့တွင်ကျင်းပနေတဲ့ ၂၀၁၈ နိုင်ငံတကာ စစ်ရေးစွမ်းရည်ပြိုင်ပွဲတွင် မြန်မာတင့်ကားတပ်ဖွဲ့ ဝင်ရောက်ယှဉ်ခဲတယ်လို့သိရပါတယ်။၂၀၁၈ နိုင်ငံတကာ စစ်ရေးစွမ်းရ ည်ပြိုင် ပွဲကို မြန်မာအပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်က တပ်ဖွဲ့ပေါင်း ၂၀၀ လောက်ပါဝင်ယှဉ်ပြိုင်ေ နတာပဲဖြစ်ပါတယ်။ဒီပြိုင်ပွဲကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဦးစီးကျင်းပတာဖြစ်ပြီး ဇူလိုင် ၂၈ ရက်နေ့က စတင်ကာ ၁၅ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီ ဒီပွဲမှာ ပြိုင်ပွဲဝင်အသင်းတွေဟာ စစ်ရေး စွမ်းရည် အမျိုးအစား ၂၈ မျိုးကို ကြည်း၊ ရေ၊ လေ နယ်ပယ် ၃ ရပ်လုံးမှာ ပါဝင်ယှဉ်ပြိုင်နေကြတာပဲြ ဖပါတယ်။

အဆိုပါပြိုင်ပွဲကိုတော့ မော်စကိုအနီး အလာဘီနို စစ်ရေးလေ့ကျင့်ကွင်းမှာ ကျင်းပနေတာ ပဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဦးစီးကျင်းပတာဖြစ်ပြီး ဇူလိုင် ၂၈ ရက်နေ့က စတင်ကာ ၁၅ ရက်ကြာ ကျင်းပမယ့် ဒီပွဲမှာ ပြိုင်ပွဲဝင်အသင်းတွေဟာ စစ်ရေးစွမ်းရည် အမျိုးအစား ၂၈ မျိုးကို ကြည်း၊ ရေ၊ လေ နယ်ပယ် ၃ ရပ်လုံးမှာ ပါဝင်ယှဉ်ပြိုင်နေကြတယ်လို့သိရပါ တယ်။မြန်မာတပ်ဖွ့ဲကတော့ ပြိုင်ပွဲတွေမှာ တင့်ကားစွမ်းရည်၊ စစ်မြေပြင် ဆေးတပ်ဖွဲ့စွမ်းရည်နဲ့ စနိုက်ပါစွမ်းရည်များဖြင့် ဝင်ရောက်ယှဉ်ပြိုင်နေတာပဲဖြစ်ပါတယ်။

Tank Biathlon တင့်ကားစွမ်းရည်ပြိုင်ပွဲ ပထမအဆင့်ပွဲစဉ်တွေ အပြီးမှာ ရုရှား၊ တရုတ်နဲ့ ဘယ်လာ ရုစ်အသင်းတွေက ပထမ၊ ဒုတိယနဲ့ တတိယနေရာမှာ ရပ်တည်နေပြီး မြန်မာတပ်မတော် တင့်ကား တပ်ဖွဲ့က အဆင့် ၁၄ နေရာမှာ ရပ်တည်နေပါတယ်။ ဇူလိုင် ၃၁ ရက်မှာတော့ တင့်ကားတပ်ဖွဲ့တွေ ဒုတိယအကျော့ပွဲစဉ်တွေ ဆက်လက်ယှဉ်ပြိုင်နေပြီး ဆေးတပ်ဖွဲ့ စွမ်းရည်ပြိုင်ပွဲလည်း ကျင်းပဖို့ ရှိနေတယ်လို့သိရပါတယ်။မြန်မာ့တပ်မတော် စနိုက်ပါတပ်ဖွဲ့ကတော့ နိုင်ငံအသင်း ၁၉ သင်းအနက် အဆင့် ၆ မှာ ရပ်တည်နေတယ်လို့ သိရပါတယ်။ 

သတင်းအရင်းအမြစ် - DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။