ပရိသတ်ကြီးကို ယခုတခါဖော်ပြပေးချင်တာကတော့ မင်းသားချောလေးတစ်ယောက်အကြောင်းပဲ ဖြစ်ပါတယ်။ မင်းသားဆိုပေမယ့် အနုပညာနယ်ပယ် ထဲက မဟုတ်ပဲ တော်ဝင်အသိုင်းအဝိုင်းထဲက မင်းသားလေးပဲ ဖြစ်ပါတယ်။ သူကတော့ ဘရူးနိုင်ငံရဲ့ အိမ်ရှေ့စံမင်းသားလေး Price Marteen ပဲ ဖြစ်ပါတယ်။ အသက် ၂၆ နှစ်ရှိပြီ ဖြစ်တဲ့ မင်းသားလေးဟာ အခုအချိန်အထိ လူပျိုလူလွတ်ပဲ ဖြစ်နေတာကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ စိတ်ဝင်စားမှုကို ခံနေရတဲ့သူလည်း ဖြစ်ပါတယ်။


မင်းသားလေးဟာ အမြဲလိုလို ခပ်တည်တည်နေတတ်ပြီး ပြုံးရယ်တာလည်း သိပ်မရှိတဲ့ သူ ဖြစ်ပါတယ်။ မင်းသားလေးဟာ Instagram မှာလည်း Follower ၇သိန်းကျော် ရရှိထားသူလည်း ဖြစ်ပါတယ်။ မင်းသားလေးဟာ လေယာဉ်မောင်းခြင်း ၊ ပိုလိုကစားခြင်း ၊ ဘောလုံးကန်ခြင်း ၊ မြင်းစီခြင်းနဲ့ လက်ဝှေ့ပညာကိုဝါသနာပါသူလည်း ဖြစ်ပါတယ်။


ဒါ့အပြင် ထိုင်းနိုင်ငံရဲ့ သတင်းစာကြီး တစ်ခုရဲ့ဖော်ပြချက်အရ မင်းသားလေးရဲ့ ချမ်းဝကြွယ်မှုဟာ ၂၀ ဘီလီယမ်တောင် ရှိပါတယ်။ မင်းသာလေးဟာ သူနေထိုင်တဲ့ အမျုက်စား အိမ်တွေ၊ အလန်းစား ဇိမ်ခံကားတွေ၊ နဲ့ သူ့ရဲ့ အိမ်မွှေးတိရစ္ဆာန်လေးတွေကို လည်း မကြာခဏ Instagram မှာ တင်ထားတ်သူလည်း ဖြစ်ပါတယ်။ သူရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေက ဘယ်လိုအကောင်လေးတွေလဲ ဆိုတာ ကြည့်လိုက်ပါအုန်းနော် ပရိသတ်ကြီးရေ….


Source : Business Insider UK
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။