ထိုအားပြင်းတဲ့ငလျင်ကြောင့် ဒဏ်ရာရရှိသူပေါင်းများစွာလည်းရှိခဲ့ပါတယ်။ထိုင်ဝမ်နိုင်ငံဟာ မနေ့က ဖေဖော်ဝါရီ ၈ ရက်နေ့မှာလူပေါင်းများစွာကို ထိတ်လန့်စေခဲ့တဲ့ ငလျင်တစ်ခု လှုပ်ခပ်သွားခဲ့ပြီး နိုင်ငံတွင်းပျက်စီးမှုများစွာရှိခဲ့ပါတယ်။

အင်အားပြင်းရစ်ချ်တာစကေး ၆ ဒဿမ ၄ အဆင့်ရှိသည့် ငလျင်လှုပ်ခဲ့သည့် ထိုင်ဝမ်က ဟွာလန်းမြို့တွင် ဖေဖော်ဝါရီ ၈ ရက်တွင် ကယ်ဆယ်ရေးသမားများက အသက်ရှင်ရစ်နိုင်သူများကို ဆက်လက်ရှာဖွေရေးများ လုပ်ဆောင်နေလျက်ရှိသည်။

အဆိုပါ ငလျင်တွင် လက်ရှိအထိ သေဆုံးသူ ခုနစ်ဦးရှိကာ လူပေါင်း ၂၅၆ ဦး ထိခိုက်ဒဏ်ရာရပြီး ပျောက်ဆုံးနေသူပေါင်းက ရ၆ ဦး ရှိသည်။

စစ်သားအင်အား ၆၄၄ ဦး၊ ရဲတပ်ဖွဲ့နှင့် မီးသတ်ဌာနတို့မှ အင်အား ရ၅၀ ဖြင့် စက်ယန္တရားအကူအညီများဖြင့် အသက်ရှင်နိုင်သူများကို ရှာဖွေနေကြောင်း ၀န်ကြီးချုပ် လိုင်ချင်းထီက ဆိုသည်။

ကယ်ဆယ်နိုင်ခဲ့သူပေါင်းမှာ ၂၂၇ ဦးရှိကြောင်း ဗဟိုအရေးပေါ်ဆောင်ရွက်မှုအေဂျင်စီ သတင်းအချက်အလက် သိရသည်။

ငလျင်ဘေးကြုံ ဒုက္ခသည်များနှင့် မိသားစုများအတွက် နေအိမ်တိုက်ခန်းပျက်စီးမှုနှင့် လျော်ကြေးနှင့် ဆေးဝါးကုသစရိတ် အပါအဝင် အကူအညီ ထိုင်ဝမ်ဒေါ်လာ သန်း ၃၀၀ (အမေရိကန်ဒေါ်လာ ၁၀ ဒဿမ ၂ သန်း) မတည်မည်ဖြစ်ကြောင်း ၀န်ကြီးချုပ်က ကြေညာသည်။ 

“ပျောက်ဆုံးနေသူအားလုံး မတွေ့မချင်း ကျွန်မတို့ ကယ်ဆယ်ရေးလုပ်ငန်းကို မရပ်ဘူး။”ဟု သမ္မတ ထိုင်အန်းဝန်က သမ္မတရုံးတွစ်တာကတစ်ဆင့် ရေးသားသည်။

ငလျင်အတွင်း အဆောက်အအုံများနှင့် လမ်းတံတားများ အပါအဝင် များစွာပျက်စီးခဲ့သော်လည်း ၀န်ကြီးချုပ်က ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းစဉ်များကို စတင်နေပြီဟု အလေးအနက်ပြောကာ ပုံမှန်အခြေအနေသို့ အမြန်ပြန်ရောက်မည် မျှော်လင့်ကြောင်း ဆိုသည်။

အလုပ်သမားသုံးဦး ပိတ်မိပြီး နှစ်ဦးကို ကယ်ဆယ်နိုင်ကာ တစ်ဦးက ဆယ့်ငါးနာရီ အကြာတွင် သေဆုံးခဲ့သည့် ဟိုတယ် Tongshuai အပါအဝင် အဆောက်အအုံတော်တော်များများ ငလျင်ဒဏ် ဆိုးဝါးစွာ ခံခဲ့ရသည်။

ဒဏ်ရာရသူများတွင် နိုင်ငံခြားသား ၃၃ ဦး ပါ၀င်ကြောင်း အရေးပေါ်ဌာနက ထုတ်ပြန်ထားသည်။ 

source - mizzima news in burmese

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။