ကမ္ဘာ့အားအကောင်းဆုံး ဖြစ်တဲ့ ဒုံးပျံကြီးကတော့ တတ်သွားပါပြီ။ဒီဒုံးပျံကြီးကတော့ အစမ်းသဘောမျိုးအနေနဲ့လွတ်တင်တာဖြစ်ပြီး အောင်မြင်ဖို့အတွက်ကတော့ အလွန်ရာခိုင်နှုန်းနည်းပါတယ်။

ကမ္ဘာ့ အားအကောင်းဆုံး အာကာသ ဒုံးပျံကို အမေရိကန်၊ ဖလော်ရီဒါပြည်နယ် ကနေဒီ အာကသ စခန်းကနေ လွှတ်တင် ခဲ့ပြီ ဖြစ်ပါတယ်။

Falcon Heavy လို့ နာမည် ပေးထားတဲ့ ဒုံးပျံကို ပုဂ္ဂလိက အာကာသ ကုမ္ပဏီ Space X ကို တည်ထောင်သူ စွန့်ဦးတီထွင် အီလော်န် မာ့စ်ခ် လွှတ်တင် လိုက်တာ ဖြစ်ပါတယ်။

Falcon Heavy ဟာ ကမ္ဘာပေါ်က ဘယ်ဒုံးကျည်မျိုးထက် မဆို ကုန်ပစ္စည်း အလေးချိန် ၂ ဆ ကျော် သယ်ဆောင် နိုင်စွမ်း ရှိပါတယ်။

ဒါပေမယ့်လည်း အခု တစ်ခေါက်မှာတော့ တခြား ပစ္စည်းတွေ တင်ဆောင် သွားတာမျိုး မလုပ်ပဲ၊ မစ္စတာ မာ့စ်ခ်ရဲ့ ပြိုင်ကားဟောင်းကိုပဲ သယ်သွားပြီး ဒရိုင်ဘာ ထိုင်ခုံ နေရာမှာလည်း လူရုပ်တစ်ခု ပါပါတယ်။

မားစ်ဂြိုဟ်ထိရောက်အောင် ရည်ရွယ်ထားတဲ့ အခု ပထမဆုံး ပစ်လွှတ်မှုဟာ အောင်မြင်နိုင်ဖို့ ရာခိုင်နှုန်း နည်းတဲ့ အတွက် အစမ်းသဘော အနေနဲ့ မစ္စတာ မာ့စ်ခ်ရဲ့ ပြိုင်ကားဟောင်းကိုပဲ သယ်ဆောင် သွားတာ ဖြစ်ပါတယ်။

ပစ်လွှတ်မှု လုပ်ငန်းစဉ် အဆင့်ဆင့် အောင်မြင်သလား ဆိုတာကိုတော့ ဒုံးပျံ တက်သွားပြီး အနည်းဆုံး ရ နာရီ နီးပါး အကြာကျကာမှ ကမ္ဘာမြေ ကနေ သိရမှာ ဖြစ်ပါတယ်။ 

source - BBC burmese

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။