အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ ရွံ့မြေပြိုကျမှုဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ယခုဖြစ်စဉ်ကြောင့် သေဆုံးသူ လူဦးရေး အယောက် ၂၀ ထိ ရှိခဲ့ပြီလည်းဖြစ်ပါတယ်။အသက်ရှင်ကျန်ရစ်နိုင်သူတွေကိုတော့ ဆက်လက်ရှာဖွေမှုတွေ ပြုလုပ်နေဆဲလည်းဖြစ်ပါတယ်။ကယ်ဆယ်ရေးလုပ်ငန်းတွေဆက်လက်လုပ်ဆောင်ဖို့ နောက်ထပ်အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်း အယောက် ၉၀၀ ရောက်ရှိခဲ့ပြီလည်းဖြစ်ပါတယ်။

လက်ရှိမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေဆက်တိုက်လုပ်ဆောင်နိုင်ရန်အတွက် ကမ်းခြေစောင့်တပ်ဖွဲ့၊ ရေတပ်နဲ့ ကြက်ခြေနီတပ်ဖွဲ့တွေအပါအဝင် ဒေသဆိုင်ရာ ပြည်နယ်နဲ့ ဖက်ဒရယ်အေဂျင်စီတွေက ဝန်ထမ်းပေါင်း ၂၁၀၀ ကျော်နဲ့ ဆောက်ရွက်မှုတွေပြုလုပ်နေတာလည်းဖြစ်ပါတယ်။

ရွံ့မြေပြိုကျမှုဖြစ်စဉ်ဟာ ဇန်နဝါရီ ၆ ရက်နေ့မှ ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။လော့စ်အိန်ဂျလိစ်မြောက်ပိုင်း မွန်တီစီတို ဒေသအနီးမှာ မိုးကြီးခဲ့တာကြောင့် ယခုလို ရွံ့မြေပြိုမှုဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့လကလည်း အဲ့ဒီနေရာက စိုက်ခင်းတွေမှာ တောမီးလောင်မှုဖြစ်ပွားခဲ့ပါသေးတယ်။ဒီတောမီးလောင်မှုဟာ ကယ်လီဖိုးနီးယားသမိုင်းမှာ အကြီးမားဆုံး တောမီးလောင်မှုလည်းဖြစ်ခဲ့တာဖြစ်ပါတယ်။

source - dvb news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။