အိန္ဒိယနိုင်ငံကတော့ အာရှတိုက်၏နိုင်ငံတွေထဲက ရှေးယူစွဲနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ယခုထက်ထိ ကျေးလက်ဒေသတွေမှာ ရှေးအယူတွေကို လက်ခံကျင့်သုံးနေတာပါ။ ကျေးလက်တင်မဟုတ်ဘဲ မြို့ပြမှာလည်း အဆိုပါကိစ္စတွေက ရှိနေတုန်းပါပဲ။ ယခုတင်ပြပေးမည့် အကြောင်းအရာလေးကတော့ ညစ်ညမ်းကားမင်းသမီးဟောင်း၏ကွန်ဒုံးကြော်ငြာကြောင့် စနစ်တွေပြောင်းလိုက်ရတဲ့အကြောင်းလေးပဲဖြစ်ပါတယ်။

လက်ရှိ ဘောလိ၀ုဒ်မှာတော့ ဆန်နီလီယွန် ဆိုတဲ့မင်းသမီးကတော့ နာမည်ကျော်ကြားလှပါတယ်။ ဆန်နီလီယွန်က ကနေဒါနိုင်ငံဖွား အိန္ဒိယ- အမေရိ ကန်သွေးနှော အပြာကားမင်းသမီးဟောင်းလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ ဆန်နီလီယွန် နှင့် အမျိုးသားသရုပ်ဆောင်တစ်ဦး တို့ နှစ်ဦးချစ်ကြည်နူးနေသည့် ရိုက်ကွက်များဖြင့် ကွန်ဒုံးကြော်ငြာ ထွက်လာခဲ့ပါတယ်။ ထိုကဲ့သို့ ထွက်လာခဲ့ပြီးနောက် အိန္ဒိယတွင် နံနက် ၆ နာရီမှ ည ၁၀ ထိ ထုတ်လွှင့်ခြင်းကို တားမြစ်လိုက် ကြောင်း သိရပါတယ်။

အဆိုပါ ကြော်ငြာတွင် ဆာရီဝတ်ဆင်ထားသည့် ဆန်နီလီယွန်က အဝတ်များကို တစ်လွှာပြီးတစ်လွှာ ချွတ်နေခဲ့ပြီး အမျိုး သားကို ညှို့အားပြင်းမျက်လုံးများနှင့် ဆွဲဆောင်နေသည့် ရိုက်ကွက်များပါရှိပါတယ်။ အဆိုပါကွန်ဒုံးကြော်ငြာကို ရုပ်သံလိုင်းတွင် မကြာခဏလွှင့်နေသည့်အတွက် အရွယ်မရောက်သေးသူများအတွက် မသင့် လျော်ဘဲ အတုယူမှားနိုင်သည့် ကွန်ဒုံး ကြော်ငြာများကို နေ့ဘက်တွင် ထုတ်လွှင့်ခြင်းမပြုရဟု အစိုးရက တားမြစ်ချက်ထုတ် ခဲ့ခြင်းဖြစ်ပါတယ်။ ယင်းကဲ့သို့တားမြစ်ချက်မျိုးက လူငယ်များအတွက် လိင်ပိုင်းဆိုင် ရာကျန်းမာရေး ဆွေးနွေးပညာပေးမှုများ ကို အတားအဆီးသာဖြစ်စေကြောင်း အက်ဖ်စီဘီအိန္ဒိယ ကြော်ငြာအဖွဲ့ဥက္ကဋ္ဌ ရိုဟစ်အိုရီက ဝေဖန်ထောက်ပြခဲ့ပါတယ်။

Source – India Today, Pyi Myanmar 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။