မြောက်ကိုရီးယား ရဲ့ နျူးကလီးယား လက်နက် အစီအစဉ် နဲ့ ပတ်သက်ပြီး ယခုအချိန်ဟာ အမေရိကန် နဲ့ မြောက်ကိုရီးယား အကြား တင်းမာမှု မြင့်တက်နေချိန်လည်းဖြစ်ပါတယ်။ ဒါပေမယ့် နျူးကလီးယား လက်နက် ပိုင်ဆိုင်တဲ့ နိုင်ငံတွေ ဟာ မြောက်ကိုရီးယား တစ်နိုင်ငံ ထဲ တော့ မဟုတ်ပါဘူး။ အမေရိကန် အပါအဝင် အခြားနိုင်ငံ ငါးနိုင်ငံ ဟာ နျူးကလီးယား လက်နက်တွေ ကို ဆယ်စုနှစ်ပေါင်းများစွာ သိုလှောင်သိမ်းဆည်းထားခဲ့တာပါ။ ကမ္ဘာပေါ်မှာ ရှိတဲ့ နျူးကလီးယား လက်နက် ပိုင်ဆိုင်ထားတဲ့ နိုင်ငံများ နဲ့ ပိုင်ဆိုင်တဲ့ လက်နက် အရေအတွက် စာရင်း ကို ဖော်ပြပေးလိုက်ပါတယ်။

မြောက်ကိုရီးယား၊ လက်နက်အရေအတွက် ၆၀

နှစ်ပေါင်းများစွာ အမေရိကန်နိုင်ငံ ဟာ မြောက်ကိုရီးယား ရဲ့ နျူးကလီးယား လက်နက် အစီအစဉ်ကို ရပ်တန့်ဖို့ ဖိအားပေးနေခဲ့တာပါ။ သမ္မတ ဘီလ်ကလင်တန်၊ ဂျော့ရှ်ဘုရှ်၊ အိုဘားမား၊ နဲ့ အိုဘားမား အထိ မြောက်ကိုရီးယား ကို ဖိအားပေးနေခဲ့တာပါ။

အစ္စရေး၊ လက်နက်အရေအတွက် ၈၀

အစ္စရေး အစိုးရ ကတော့ သူတို့ရဲ့ နျူးကလီးယား လက်နက် အစီအစဉ် ကို လျှို့ဝှက်လုပ်ဆောင်နေခဲ့တာပါ။ ဆယ်စုနှစ် နဲ့ ချိီပြီးကြာပါပြီ။ အစ္စရေး ရဲ့ မဟာမိတ် ဖြစ်တဲ့ အမေရိကန် နဲ့ ယူကေ တို့ က တိတ်တဆိတ်ကူညီနေခဲ့တာပါ။

အိန္ဒိယ၊ လက်နက်အရေအတွက် ၁၃၀

အိန္ဒိယ နိုင်ငံ ဟာ ပါကစ္စတန်နိုင်ငံ နဲ့ ဆက်ဆံရေး မကြာခဏ တင်းမာလေ့ရှိပါတယ်။ တရုတ်နိုင်ငံ နဲ့ လည်း ၁၉၆၀ ခုနှစ်ကတည်းက နယ်စပ်စစ်ပွဲ တွေ ဖြစ်ပွားနေခဲ့တာပါ။ ဒါ့ကြောင့် သူ့ရဲ့ နျူးကလီးယား လက်နက် အစီအစဉ် ကို တိုးမြှင့်နေပါတယ်။

ပါကစ္စတန်၊ လက်နက်အရေအတွက် ၁၄၀

အိမ်နီးချင်း အိန္ဒိယ နိုင်ငံ နဲ့ စစ်ဖြစ်ပွားဖူးတာကြောင့် ပါကစ္စတန် ဟာ သူ့ရဲ့ နျူးကလီးယား လက်နက် စွမ်းရည်ကို တိုးတက်အောင် ဆက်လက်လုပ်ဆောင်နေပါတယ်။

ယူကေ၊ လက်နက်အရေအတွက် ၂၁၅

ယူကေ က လည်း နိုင်ငံကို ကာကွယ်ဖို့ အတွက် နျူးကလီးယား လက်နက် အစီအစဉ် ကို ပြုလုပ်ထားပါတယ်။ နျူးကလီးယား ထိပ်ဖူးတပ် လက်နက်တွေ သယ်ဆောင်နိုင်တဲ့ ရေငုပ်သင်္ဘော လေးစင်း ပိုင်ဆိုင်ထားပါတယ်။

တရုတ်၊ လက်နက်အရေအတွက် ၂၇၀

တရုတ်က တော့ သူ့ရဲ့ နျူးကလီးယား လက်နက် အစီအစဉ် ကို ၁၉၆၄ ခုနှစ်က စတင်လုပ်ဆောင်ခဲ့တာပါ။ နျူးကလီးယား ထိပ်ဖူးသယ်ဆောင် နိုင်တဲ့ တိုက်ချင်းပစ် ဒုံးပျံ တွေ ထုတ်လုပ် ဖို့ စီစဉ်ထားပါတယ်။

ပြင်သစ်၊ လက်နက်အရေအတွက် ၃၀၀

ပြင်သစ်ကတော့ သူ့ရဲ့ နျူးကလီးယား လက်နက် အစီအစဉ် ကို စစ်အေးတိုက်ပွဲ ကာလတည်းက ပြုလုပ်နေခဲ့တာပါ။ ကမ္ဘာပေါ်မှာ တတိယ အင်အား အကြီးဆုံး နျူးကလီးယား လက်နက်တိုက်ကို ပို်င်ဆိုင်ထားပါတယ်။

အမေရိကန်၊ လက်နက်အရေအတွက် ၆၈၀၀

အမေရိကန် ကတော့ ခေတ်အမှီဆုံး နျူးကလီးယား လက်နက် တွေပိုင်ဆိုင်ထားပါတယ်။ သမ္မတ ထရန့် လက်ထက်မှာ ပိုမို အဆင့်မြှင့်တင်ဖို့ လုပ်ဆောင်နေပါတယ်။

ရုရှား၊ လက်နက်အရေအတွက် ရ၀၀၀

ရုရှားကတော့ အမေရိကန် နဲ့ အပြိုင် သူ့ရဲ့ နျူးကလီးယား လက်နက် အစီအစဉ် ကို အဆင့်မြှင့်တင်နေပါတယ်။ သမ္မတ ပူတင်လက်ထက်မှာ ပိုမို အဆင့်မြင့်လာခဲ့ပါတယ်။

Source: msn news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။