စပိန်နိုင်ငံ မက်ဒရစ်မြို့ အရှေ့မြောက်ဘက်မိုင်၁၀၀ အကွာကတောင်ပေါ်ရွာမှာကျင်းပတဲ့ နွားရိုင်းသတ်ပွဲအတွင်း ကြည့်ရှုတဲ့ပရိသတ်တွေကိုဖျော်ဖြေဖို့နွားသိုးတွေရဲ့ ဦးချိုအတုတွေပေါ်မှာ မီးရှို့ပြီး နှိပ်စက်ခဲ့တယ်လို့ မေရာသတင်းမှာ နိုဝင်ဘာ ၁၃ ရက်နေ့က ဖော်ပြထားပါတယ်။နွားသိုုးရဲ့ ဦးချိုနားမှာ ဦးချိုအတုတစုံ တပ်ဆင်ပြီး မီးရှို့ကာ နွားသိုးတွေရဲ့ မျက်လုံးတွေကို မီးပွင့်တွေနဲ့ တောက်ပစေပြီး နားတွေကို မီးတောက်သံတွေ ကြားစေကာ အသက်ရှူလမ်းကြောင်းကို မီးခိုးတွေနဲ့ ဖြစ်စေခဲ့တာပါ။ပြီးခဲ့တဲ့အပတ်ကဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်က နွားရိုင်းသတ်ပွဲတွေပိတ်လိုက်တာကနိုင်ငံရေးပြုပြင်မှုမှားယွင်းတယ်လို့မှတ်ချက်ပေးပြီးနောက်အခုနွားရိုင်းသတ်ပွဲအတွင်းနွားသိုးတွေရဲ့ဦးချိုအတုတွေမှာမီးရှို့ဖျော်ဖြေခဲ့ကြတာပါ။
နွားရိုင်းသတ်ပွဲတွေက နွားသိုးတွေရဲ့ အင်အားကိုပြသဖို့ နှစ်ပေါင်း ၄၀၀ သက်တမ်းရှိနေတဲ့ ရှေးဟောင်းရိုးရာပွဲဖြစ်ပြီး ဒီပွဲတွေမှာ နွားသိုုးတွေဟာ ညှဉ်းပန်းနှိပ်စက်ခံရပါတယ်။ဒါကိုဆန့်ကျင်ဆန္ဒပြဖို့ တိရစ္ဆာန်အခွင့်အရေးကာကွယ်သူတွေကလည်း ဒီပွဲတွေကို သွားရောက်ကြတယ်လို့ ဆိုပါတယ်။ကလေးငယ်တွေအပါအဝင် လူ၁၃၀၀လောက်လာရောက်ကြည့်ရှုနေတဲ့အားကစားရုံထဲက တိုင်တတိုင်မှာနွားသိုးရဲ့ဦးခေါင်းကိုကြိုးနဲ့တွဲချည်ပြီးနွားသိုးတွေရဲ့ဦးချိုနားကတ္တရာသုတ်ထားတဲ့အဝတ်တွေနဲ့ ဖုံးအုပ်ထားတဲ့သံဦးချိုအတုတစုံကို တပ်ဆင်မီးရှို့ပြီးနွားသိုးကို ကြိုးဖြေပေးလိုက်ချိန်မှာတော့လူအုပ်ကြီးရဲ့ အော်ဟစ်အားပေးသံကိုကြားရပါတယ်။ကွင်းထဲဦးခေါင်းမီးမြိှုက်ခံထားရတဲ့နွားသိုးကခန္ဓာကိုယ်တွန့်လိမ်ယိုင်ထိုးပြီးသွားနေတာကိုလူတွေက လက်ခုပ်သြဘာပေးနေပြီးနွားသိုးကမြေကြီးထဲဦးခေါင်းကို ထိုးထည့်လိုက်ချိန်မှ ဦးချိုအတုတဖက်ကမီးသေသွားကာစက္ကန့်ပိုင်းအကြာမှာ တခြားဦးချိုတဖက်ကမီးလည်း ငြိမ်းသွားပါတယ်။အဲ့ဒီအချိန်မှာပရိသတ်တွေဆီက လှောင်ပြောင်အော်ဟစ်သံတွေ ကြားရပါတယ်။
မိနစ်၃၀လောက်အကြာမှာပင်ပန်းနွမ်းနယ်နေတဲ့နွားသိုးကို အဝေးခေါ်ဆောင်သွားပြီး ပွဲကြည့်ပရိသတ် အမျိုးသမီးတဦးက တိရစ္ဆာန်အခွင့်အရေးကာကွယ်သူတဦးကို “စိတ်မပူပါနဲ့၊ နွားတွေက ပြီးရင် လယ်ထဲကို ပြန်သွားကြမှာ” လို့ ဆိုပါတယ်။စပိန်မြို့တော်ဝန်က ဒေသခံလူမှုအသိုင်းအဝိုင်းက ထောက်ခံလို့ဒီလုပ်ရိုးလုပ်စဉ်ပွဲတော်ကို ဆက်လက်ထားရှိသွားမယ်လို့နိုဝင်ဘာ ၁၂ ရက်နေ့မှာ ပြောပေမယ့် စပိန်တိရစ္ဆာန်ကာကွယ်ရေးအဖွဲ့ပက်မာ(Pacma)ကတော့ဥပဒေအရဒီပွဲတွေကိုရပ်သင့်တယ်လို့ပြောလိုက်ပါတယ်။စပိန်တိရစ္ဆာန်ကာကွယ်ရေးအဖွဲ့ဝင်တွေကနွားရိုင်းသတ်ပွဲ တားမြစ်မှုကိုဆန့်ကျင်ခဲ့တဲ့ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဘောရစ်ဂျွန်ဆင်ကိုဝေဖန်လိုက်ပြီးဒီပွဲတွေကိုစပိန်နိုင်ငံရဲ့မြို့နယ်၁၀၀ကျော်မှာပိတ်ပင်တားဖြစ်ဖို့ကြေညာခဲ့တယ်လို့လည်းသိရပါတယ််။နိုင်ငံအတွင်းမဲပေးဆုံးဖြတ်မှုအရစပိန်လူမျိုးရ၆ ရာခိုင်နှုန်းက နွားရိုင်းသတ်ပွဲတွေကို စိတ်ဝင်စားမှုမရှိဘဲ ဒီပွဲတွေအတွက် လူထုရဲ့ငွေတွေ သုံးစွဲနေမှုအပေါ်လည်း ဆန့်ကျင်နေကြပါတယ်။
Source –DVB News
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။