အိန္ဒိယနိုင်ငံ မှာ က ယုံကြည်ကိုးကွယ်သူ သန်းနဲ့ချီပြီးရှိတဲ့ နာမည်ကြီးတဲ့ ဘာသာရေးရာဂုရုကြီးတစ်ဦးဟာ နောက်လိုက်ကိုးကွယ်သူအမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်မှု၊ ငါးနှစ်ကြာ ပိတ်လှောင်ထားမှု ကျူးလွန်ခြင်းနဲ့ ဇန်နဝါရီလ (၃၁) ရက်မှာ ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်ခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။

အသက် (၈၁) နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် စိတ်မထိန်းနိုင်တဲ့ ဂုရုကြီး အဆာရန် ဘာပူဟာ အိန္ဒိယအနောက်ပိုင်း ဂူဂျာရက်ပြည်နယ်က သူ့ရဲ့ဝတ်ပြုကျောင်းမှာ (၂၀၀၁) ခုနှစ်ကနေ (၂၀၀၆) ခုနှစ်အတွင်း အမျိုးသမီးတွေကို ပိတ်လှောင်ထားခဲ့ပြီး အကြိမ်ပေါင်းများစွာဆိုသလို လိင်ပိုင်းဆိုင်ရာ စော်ကားပြုကျင့်မှုတွေကျူးလွန်ခဲ့ကြောင်း စစ်ဆေးတွေ့ ရှိခဲ့တာကြောင့် ဇန်နဝါရီ (၃၁) ရက်မှာ ဂန်ဒီနဂါ က တရားရုံးတစ်ရုံးက အဆာရန်ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်ခဲ့ပြီး ဒဏ်ငွေ ရူပီး (၂၃၀၀၀) ၊ နစ်နာကြေး ရူပီး (၅၀၀၀၀) ပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့ တယ်လို့ သိရပါတယ်။

ဂုရုကြီး အဆာရန်ဟာ (၂၀၁၈) ခုနှစ်တုန်းကလည်း ရာဂျာဆသန်က သူ့ရဲ့ ဘုရားကျောင်း မှာ (၁၆) နှစ်အရွယ် တခြားကိုးကွယ်ဆည်းကပ်သူ မိန်းကလေးတစ်ဦးကို အဓမ္မပြု ကျင့်မှုနဲ့ ပြစ်ဒဏ် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံရပြီး ဖြစ်ပါတယ်။ ယခုဖြစ်ရပ်မှာလည်း ပြစ်မှုကျူးလွန်ချိန်တုန်းက မိန်းကလေးကို ဂုရုကြီး က ဒီအကြောင်းကို မိဘတွေနဲ့ တခြားသူတွေကို အသိ ပေးခဲ့မယ်ဆိုရင် မိဘတွေကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။