မကြာသေးမီက ကျရောက်ခဲ့တဲ့ မြန်မာ့နှစ်သစ်ကူး သြင်္ကန်ပွဲကို ပြည်တွင်းနေရာအနှံ့အပြားမှာ စည်စည်ကားကားကျင်းပပြုလုပ်ခဲ့တာတွေ့ရပါတယ်။ ပြည်တွင်း လူကြီး၊ လူငယ်၊ လူလတ်မရွေး ပါဝင်ဆင်နွှဲခဲ့ကြပြီး ပျော်ရွှင်မှုတွေနဲ့အတူ အောင်မြင်စွာဖြတ်သန်းနိုင်ခဲ့ကြောင်း သိရပါတယ်။ ဒီနှစ်မြန်မာ့နှစ်သစ်ကူးကတော့ ယခင်ထက်ပိုမိုစည်ကားခဲ့ပြီး လူထိခိုက်သေဆုံးသူတွေလည်း အနည်းကျင်းသာရှိခဲ့ကြောင်းသိရပါတယ်။
![](https://s4.kh1.co/fe/fefe99c6e371e36168454ac376e8749cd3771325.jpg)
![](https://s4.kh1.co/cf/cf115361d93b47072a9f72d4c74fb78ef147c9e2.jpg)
![](https://s5.kh1.co/7f/7f579321e0fdba9d2db7bf05cac8a61f054806b8.jpg)
နှစ်သစ်ကို သာမာန်လူတွေကြားမှာ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့တဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပုံရိပ်အချို့ကတော့ ပရိသတ်တွေကြားမှာရေပန်းစားခဲ့တာတွေ့ရပါတယ်။ နှစ်စဉ်နှစ်တိုင်း မြန်မာ့နှစ်သစ်ကို ပါဝင်ပျော်ရွှင်လေ့ရှိပြီး ဒီနှစ်မှာတော့ ပရိသတ်တွေကြားမှာ အချစ်ပိုစေခဲ့တာတွေ့ရပါတယ်။
![](https://s5.kh1.co/d1/d1f221e5b2b1742cf32c5d2d68e73abcef9d85ce.jpg)
![](https://s5.kh1.co/73/7398eb564212e94c7516d967ca779e8d07adfeae.jpg)
မြန်မာ့ရိုးရာယဉ်ကျေးမှုကို တန်ဖိုးထားသူတွေဖြစ်သလို မြန်မာ့နှစ်သစ်ကူး သြင်္ကန်ပွဲကိုလည်း အိန္ဒြေရှိရှိဖြတ်သန်းခဲ့ကြတာပဲဖြစ်ပါတယ်။ သမာန်လူတွေကြားမှာ မြန်မာနှစ်သစ်ကူးပွဲကို ပါဝင်ဆင်နွှဲခဲ့ကြတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်တို့ရဲ့ ပုံရိပ်အချို့ကို မျှဝေပေးလိုက်ပါတယ်။
pHOTOS - kO AUNG
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။