နိုင်ငံတကာကြားမှာ မြန်မာ့အလံကို လွှင့်ထူနိုင်ဖို့အတွက် ကြိုးစားရုန်းကန်သူတွေထဲမှာ မြန်မာ့နိုင်ငံကိုယ်စားပြု တောင်တက်အဖွဲ့တွေကလည်း တခန်းတဏ္ဍပါဝင်လျှက်ရှိတာတွေ့ရပါတယ်။ အန္တရယ်ရှိ နာမည်ကြီးပြည်တွင်း တောင်တွေကိုသာမက ပြည်ပနိုင်ငံရှိ တောင်ကြီးတွေပေါ်လည်း မကြာခဏသွားရောက် ကြိုးစားလေ့ရှိပြီး မြန်မာ့အလံကို တောင်ထိပ်ပေါ်မှာ လွှင့်ထူလေ့ရှိကြတာတွေ့ရပါတယ်။ အဆိုပါ မြန်မာကိုယ်စားပြု တောင်တက်အဖွဲ့တွေထဲက The Summiter အဖွဲ့ဝင်တစ်ဦးကတော့ မကြာသေးမီက သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။
![](https://s6.kh1.co/53/53447abce7258354d49244dc3b5fa11f24dc28eb.jpg)
![](https://s6.kh1.co/b8/b8391a54dffa871838d5f4d473c88abe7a8d6304.jpg)
![](https://s6.kh1.co/2f/2f8c945a70b624dd20870bf0d48efc32c730b03b.jpg)
![](https://s4.kh1.co/37/37530a6fdc169f01a9c82aa96463fed6bed06d4d.jpg)
အဆိုပါ သေဆုံးသူကတော့ မစိမ့်ထက်အမည်ရှိ အမျိုးသမီးတစ်ဦးဖြစ်ပြီး ဖန်ဂရန်ဇီရေခဲတောင်ပေါ်မှာ ပြုတ်ကျသေဆုံးသွားခဲ့တာဖြစ်ကြောင်းသိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး "6.4.2019 ပူတာအိုကစထွက်ခဲ့တဲ့ ဖန်ဂရန်ရာဇီရေခဲတောင်ခရီးစဉ်မှာThe Summiter အဖွဲ့ဝင်တွေရဲ့စိတ်ဓာတ်၊ဇွဲ၊လုံ့လ၊ဝီရိယ မာကျောမှုကို အသိအမှတ်ပြုခဲ့တဲ့တဲ့ခရီးစဉ်တစ်ခုဖြစ်ခဲ့ပါတယ် ။ အဖွဲ့ဝင် အားလုံးချစ်ချစ်ခင်ခင်စည်းစည်းလုံးလုံး မဆုတ်မနှစ်သောစိတ်ဓာတ်တွေနဲ့ ဖန်ဂရန်ရာဇီတောင်ထိပ်ကိုရောက်အောင်အတူတူကြိုးစားခဲ့ကြတယ်။ ၁၂.၄.၂၀၁၉ မနက် ၈:၅၀ မှာအဖွဲ့ဝင် အယောက် ၂၀ တောင်ထိပ်မှာ အောင်ပွဲခံခဲ့တယ်။ အောင်မြင်မှု့နဲ့အတူပါလာတဲ့ ပီတိမျက်ရည်တွေနဲ့ ထွေးပွေ့အောင်ပွဲခံခဲ့တယ် အတိုင်းအဆမဲ့ပျော်ရွှင်မှု တွေနဲ့အတူ အမိမြေအတွက်နိုင်ငံတော်အလံလွှင့်ထူရင်းနိုင်ငံတော်သီချင်းကိုသံပြိုင်သီဆိုဟစ်ကြွေးခဲ့ကြတယ်။ တောင်ထိပ်က အဆင်းမနက် ၉:၃၀ မှာအဖွဲ့ဝင် ညီမ Saint Htet တစ်ယောက် မတော်တဆခြေချော်ပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ အတွက် အဖွဲ့သားအားလုံးရဲ့ရင်ထဲ အောင်မြင်မှု့ရဲ့နောက်မှာဆုံးရှုံးမှု့ကြီးမားခဲ့တယ်။ အစွမ်းကုန်ကြိုးစားရှာဖွေပီးတွေ့ရှိခဲ့သော်လည်း မည်သို့မျှပြန်လည်သယ်ဆောင်ရန်မဖြစ်နိုင်သည့်အနေအထားကြောင့်အဖွဲ့သားအားလုံး၏ရင်ထဲဆို့နင့်ဝမ်းနည်းစွာဖြင့်လက်လျှော့၍လှည့်ပြန်ခဲ့ကြရပါတယ်။" ဟူ၍ The Summiter အဖွဲ့သားတွေက ပြောပြထားတာတွေ့ရပါတယ်။
![](https://s6.kh1.co/8b/8b159576c44ba91ec8471e623f790a68ed7e001d.jpg)
![](https://s6.kh1.co/25/2518b4bb930bc4c947150f2131fab1d26aae180b.jpg)
![](https://s6.kh1.co/e7/e77b348e9e69c3d0f2422afca1325c320a19cd2d.jpg)
![](https://s4.kh1.co/97/97ad09a7c3dc98ed0bf9d2cc56b01afc28defd9a.jpg)
မိသားစုနဲ့ထပ်တူဝမ်းနည်းမှု့တွေဝင်ရောက်လာခဲ့ရသော တောင်တက်စက်ဘီးစီး Outdoor Adventure Athlete မျိုးဆက်သစ် ညီမတစ်ယောက် ဆုံးရှုံးခဲ့ရသောခရီးစဉ်တစ်ခုလည်းဖြစ်ခဲ့ကြောင်း ဆက်လက်ပြောကြားထားတာတွေ့ရပါတယ်။ ငယ်ရွယ်နုပျိုသူတစ်ဦးဖြစ်သလို ပြည်တွင်း ပရဟိတလုပ်ငန်းတွေနဲ့ အတူ ဖော်ဖော်ရွေရွေနေတက်သူတစ်ဦးဖြစ်တဲ့အဆိုပါ သေဆုံးသူ ရဲ့ ပုံရိပ်လေးတွေကို မျှဝေရင်း ကောင်းရာဘုံဘဝရောက်ရှိနိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်။
pHOTOS - ZAW KHINE
![](https://s4.kh1.co/9c/9cb111b5f86138429b4f99896dbb5331607dc8c3.jpg)
![](https://s5.kh1.co/1e/1e09cb2ef91544df58ba68cb55f0fee937cc3028.jpg)
![](https://s6.kh1.co/5d/5d345739e81040269a062e4d77f244857fd2ef91.jpg)
![](https://s6.kh1.co/ba/bac1f04777077320c164c46f6943e14ce0087a3b.jpg)
![](https://s5.kh1.co/19/1956cddd2ac12e951c271c2981670d1844da87fa.jpg)
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။