တောင်ကိုရီးယားမင်းသား Kim Seung-soo ဟာဆိုရင် တစ်ခေတ်တစ်ခါက နာမည်ကြီးပြီး အောင်မြင်မှုတွေရရှိခဲ့တဲ့ ဂျူမုံဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့သူဖြစ်ပါတယ်။ Kim Seung-soo  က ရုပ်ရှင်ဇာတ်လမ်းတွဲ စုစုပေါင်း ၄၂ ခုမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့သူဖြစ်ပါတယ်။ မင်းသားကြီး Kim Seung-soo  က လက်ရှိအချိန်အထိ သရုပ်ဆောင် အလုပ်တွေထဲမှာ ပါဝင်ဆောင်ရွက်လျက်ရှိပြီး အောင်မြင်မှုတွေ ထိန်းသိမ်းထားနိုင်ဆဲ မင်းသားတစ်ယောက်ဖြစ်ပါတယ်။ Kim Seung-soo က လက်ရှိမှာ အသက် ၅၁ နှစ်ရှိနေပြီဖြစ်ပြီး အိမ်ထောင်လည်း မပြုရသေးပါဘူး။

Google
Google

Kim Seung-soo ရဲ့ မကြာသေးမီက  ဓာတ်ပုံဟာဆိုရင်လည်း လူစိတ်ဝင်စားမှု မြင့်တက်လျက်ရှိပါတယ်။ ဓာတ်ပုံထဲမှာ Kim Seung-soo က မျက်နှာတော်တော် ကျသွားပြီး ခန္ဓာကိုယ်ကလည်း အရင်ကထက်ပိုပြီး ပိန်သွယ်သွားတာကြောင့် ပရိသတ်တွေက စိတ်မကောင်းဖြစ်နေကြပါတယ်။

ယခင်ကပုံ
ယခုပုံ

တချို့ပရိသတ်တွေကလည်း Kim Seung-soo မျက်နှာကျသွားတဲ့အကြောင်းအရင်းက အလုပ်တွေ အရမ်းများပြီး ဖိစီးမှုများနေတာကြောင့်လို့ ဆိုကြပါတယ်။

Google

တစ်ခေတ်တစ်ခါက ပရိသတ်တွေကြား လူကြိုက်များခဲ့တဲ့ တောင်ကိုရီးယားမင်းသား Kim Seung-soo ရဲ့ လက်ရှိ ပုံရိပ်လေး အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။