ပါကစ္စတန်အနောက်ပိုင်းမှာ တနင်္ဂနွေနေ့ (ဇန်နဝါရီ ၂၉ ရက်) က ဘတ်စ်ကားတစ်စီး တံတားပေါ်ကနေ ပြုတ်ကျပြီး မီးလောင်ကျွမ်းခဲ့လို့ လူ ၄၀ ကျော်လောက်သေဆုံးခဲ့ပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ နိုင်ငံအနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့ပြီး ဘတ်စ်ကားဟာ တောင်ပိုင်းဘယ်လာမြို့ကနေ ကရာချိသို့ လာရောက်စဉ် တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။

Photo Credit - CNA

ကားတိမ်းမှောက်ကြောင့် သေဆုံးသူများရဲ့ ရုပ်အလောင်း ၄၀ ကျော်ကိုတွေ့ရှိခဲ့ရပြီး အလောင်းများကတော့ ဘယ်သူဘယ်ဝါ မခွဲခြားနိုင်တာကြောင်းနဲ့ ဒီအင်န်အေ စစ်ဆေးကာ ဖော်ထုတ်သွားမယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ အဲ့ဒီမှာ လူ ၃ ဦးက ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးကတော့ ပြင်ထန်ဒဏ်ရရှိခဲ့တယ်လို့ သိရပါတယ်။

Photo Credit - CNA

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ခန့်မှန်းချက်အရ ၂၀၁၈ ခုနှစ်မှာ ပါကစ္စတန်ရဲ့ လမ်းများပေါ်မှာ ယာဉ်မတော်တဆမှုကြောင့် လူ ၂၇၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ စိတ်မကောင်းစရာကတော့ ဘတ်စ်ကားတိမ်းမှောက်တဲ့ နေ့မှာပဲ နိုင်ငံအနောက်မြောက်ပိုင်းမှာလည်း စက်လှေတစ်စင်း နစ်မြုပ်ခဲ့လို့ ကလေး ၁၀ ဦးထက်မနည်း သေဆုံးသွားပါတယ်။

Photo Credit - CNA

သတင်းအရင်းမြစ်: Source - BBC / CNA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။