ကချင်ပြည််နယ် ၊ ဖားကန့်မြို့နယ် ၊ နမ့်မှော်ကျေးရွာအနီးက လုပ်ကွက်ဟောင်းတစ်ခုမှာ ဒီနေ့ ဇန်နဝါရီ ၃၀ရက် မနက်ပိုင်းက ကမ်းပါးပြိုကျပြီး ရေမဆေးကျောက်ရှာဖွေသူ ၄ ယောက် သေဆုံး ခဲ့တယ်လို့သိရပါတယ်။

Photo Credit - PJ

ကမ်းပါးပြိုကျတဲ့ လုပ်ကွက်ဟာ အဲဗားကျောက်စိမ်းကုမ္မဏီလုပ်ကွက်ဟောင်းထဲက ဖြစ်ပြီး မနက် ၉ နာရီလောက်မှာဖြစ်တာလို့သိရတယ်။ မြေစာပုံထဲပိမိသွားတဲ့ ရုပ်အလောင်းတွေကိုတော့ ကယ်ဆယ်ရေးသမားတွေက ခက်ခက်ခဲခဲ ရှာဖွေထုတ်ယူရတယ်လို့ သိရပါတယ်။

Photo Credit - PJ
Photo Credit - PJ

သတင်းတွေရဲ့ ဖော်ပြချက်တွေ အရ သေဆုံးသူ ၄ ယောက်ဟာ ရခိုင်လူမျိုးတွေဖြစ်ပြီး ပေကျင်းတူးနေချိန် ကမ်းပါးပြိုကျခဲ့တာကြောင့် မြေစာတွေပိသွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ အခု မြေစာပြိုကျလို့ လူပိသေဆုံးတာဟာ ယခုနှစ် ၂၀၂၃ ခုနှစ်မှာ ဒါဟာ ပထမဆုံးလည်း ဖြစ်ပါတယ်။

Photo Credit - PJ

သတင်းအရင်းမြစ်: Source - VOM

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။