အသက်(၄၁)နှစ်အရွယ် ဆွစ်ဇာလန်နိုင်ငံသားဖြစ်တဲ့ ကမ္ဘာကျော် တင်းနစ်ကစားသမား လို့ဆိုလာရင်တော့ ဖလားဆု (၂၂)လုံး ပိုင်ဆိုင်ထားပြီး တင်းနစ်လောကမှာဆရာတစ်ဆူလို့တောင်အများကခေါ်ဆိုကြရမယ့် ရော်ဂျာ ဖက်ဒါရာ ကိုပဲ ဖော်ပြကြမှာဖြစ်ပါတယ်။

Photo Credit From Original Uploader

ရော်ဂျာဖက်ဒါရာ ဟာ ၎င်းရဲ့ သမိုင်းမှာ အကြီးကျယ်ဆုံး ပြိုင်ဆိုင်မှုမှတ်တမ်းများထဲမှ တစ်ခုဖြစ်တဲ့ ဖျော်ဖြေရေးတစ်ကိုယ်တော်ဆုဖလား (၁၀၃) ကြိမ်၊ Grand Slam တစ်ဦးချင်းဆုဖလား (၂၀) ကြိမ်၊ အဆင့် နံပါတ်(၁)ကို အပတ်ပေါင်း (၃၁၀) အထိသော်လည်းကောင်း ရရှိကာစံချိန်တင်အောင်မြင်ခဲ့တဲ့ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

Photo Credit From Original Uploader

သို့ပေမယ့် နှစ်ပေါင်း(၂၄)နှစ်ကြာ ကစားခဲ့ပြီးတဲ့အခါမှာ ရော်ဂျာဖက်ဒါရာ ဟာ အနားယူတော့မည်ဖြစ်ကြောင်းကို ပြီးခဲ့တဲ့အပတ် က ပြောကြားလာခဲ့ပါတယ်။ သူ့ရဲ့ နောက်ဆုံးပွဲစဉ်ကိုလည်း တင်းနစ်အကျော်အမော် ရာဖေးနာဒယ်လ် နဲ့အတူ ကစားသွားခဲ့တယ်လို့ သိရပါတယ်။ ရော်ဂျာကလည်း “ကျွန်တော့်အသက် (၄၁) နှစ် ၊ (၂၄) နှစ်အတွင်း ပွဲပေါင်း (၁၅၀၀) ကျော် ကစားခဲ့ပါတယ်” လို့ ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ အသံဖိုင်မှာ ဖက်ဒါရာက ပြောပါတယ်။ "တင်းနစ်အသင်းက ကျွန်တော့်ကို အိပ်မက်မက်ဖူးတာထက် ပိုပြီး ကောင်းမွန် ရက်ရောစွာ ဆက်ဆံခဲ့ပြီး အခု ကျွန်တော့် ရဲ့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ကစားသမားဘဝကို အဆုံးသတ်ရမယ့်အချိန်ကို အသိအမှတ်ပြုရမှာပေါ့။" လို့ပြောကြားခဲ့ပါသေးတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။