ထိုင်းပရီးမီးယားလိဒ်ကတော့အာစီယံဒေသတွင်းလိဒ်တွေမှာအအောင်မြင်ဆုံးနဲ့ပရိသတ်အားပေးမှုအများဆုံးလိဒ်ပဲဖြစ်ပါတယ်။အသင်းပေါင်းများပြားစွာရှိပြီးအသင်းတိုင်းကအိမ်ကွင်းကိုယ်စီရှိတာကြောင့်ပွဲတိုင်းကပြိုင်ဆိုင်မှုပြင်းထန်တာဖြစ်ပါတယ်။အဲ့လိုပြိုင်ဆိုင်မှုပြင်းထန်တာကြောင့်အာစီယံကစားသမားတွေကထိုင်းလိဒ်မှာကစားနေကြတာပါ။
![](https://s4.kh1.co/0c/0c0d242a3b3378900fe914c45de6466c150a6643.jpg)
![](https://s5.kh1.co/d9/d9fd4c6873d3a4f4189fa9c7e78ad8b8d6c18e34.jpg)
![](https://s6.kh1.co/25/25471eb93683efbc4f6bd1246a3277ab89e00720.jpg)
ဒီနှစ်ထိုင်းပရီးမီးယားလိဒ်မှာတော့မြန်မာကစားသမားတွေလည်းတော်တော်များများသွားရောက်ကစားနေကြပြီးမြန်မာပရိသတ်တွေလည်းထိုင်းလိဒ်ပွဲတွေမှာအားပေးနေကြတာပါ။ထိုင်းပရီးမီးယားလိဒ်ပွဲစဉ်တွေကျင်းပလာတာလည်းကြာလာပြီဖြစ်ပြီးအသင်းတိုင်းကအကြိတ်အနယ်နဲ့ပြိုင်ဆိုင်မှုပြင်းထန်နေတာဖြစ်ပါတယ်။
![](https://s4.kh1.co/0f/0fd9a4655440bfacfea6176d808d1f1d063bede0.jpg)
![](https://s4.kh1.co/01/011095e2767fa001afffac288641535989cf9454.jpg)
![](https://s4.kh1.co/fd/fdac18cc7acd24ca027174b0999d8fabfc9f3d9a.jpg)
ဒီပတ်၂၀ရက်နေ့မှာတော့ထိုင်းပရီးမီးယားလိဒ်ရဲ့ပွဲကောင်းတစ်ပွဲကိုတော့ပရိသတ်တွေမြင်တွေ့ရဦးမှာဖြစ်ပါတယ်။Port FC-(ဆိတ်ကမ်း)အသင်းသည်နှင့်SCG-မြောင်တောင်အသင်းတို့ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီးထိုနှစ်သင်းတွေ့ဆုံတိုင်းလည်းပြဿနာအကြီးအကျယ်အမြဲတက်ရတာပါ။မြောင်တောင်အသင်းမှာတော့မြန်မာကစားသမားအောင်သူပါဝင်ကစားနေတာကြောင့်ထိုပွဲကိုအားပေးမယ့်မြန်မာပရိသတ်တွေလည်း video လေးကိုကြည့်ပြီးသတိထားကြဖို့တိုက်တွန်းလိုက်ပါတယ်။
![](https://s4.kh1.co/cc/ccae793f5fd1443eb2b67059082b0f61fd36cd86.jpg)
![](https://s5.kh1.co/a7/a746276f871c1f6231378103839ba214669eecef.jpg)
![](https://s4.kh1.co/62/62cd2b12cc745d3955a624682933dd4025dd6fca.jpg)
![](https://s5.kh1.co/1e/1e24f395ea0b49e40f85ad7abeb47a7986de0fed.jpg)
SOURCE:Thai League MM Fan Club
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။