ဒီနေ့မနက်အစောပိုင်းကယှဉ်ပြိုင်ကစားသွားတဲ့ချန်ပီယံလိဒ်ကွာတားဖိုင်နယ်ပွဲစဉ်တစ်ခုဖြစ်တဲ့မန်စီးတီးအသင်းနဲ့စပါးအသင်းတို့ပွဲစဉ်မှာတော့မန်စီးတီးအသင်းက(၄-၃)နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။ပထမအကျော့တွေ့ဆုံစဉ်ကတော့စပါးအသင်းဟာအိမ်ကွင်းမှာတစ်ဂိုးနဲ့အနိုင်ရခဲ့တာကြောင့်အဝေးဂိုးနဲ့နောက်တစ်ဆင့်ကိုတက်ရောက်ခဲ့တာဖြစ်ပါတယ်။
![](https://s6.kh1.co/8a/8a962155ee7d1d32456d1de1a72e18f87093e8d5.jpg)
![](https://s5.kh1.co/1b/1bbba05f6fb2864fa0e9ce0af1492d643beafbc6.jpg)
ဒီနေ့ပွဲစပါးအသင်းဆီမီးဖိုင်နယ်တက်ဖို့အတွက်အကောင်းဆုံးပံ့ပိုးနိုင်သူကတော့အာရှသားလေးဆွန်ယောင်မင်ပဲဖြစ်ပါတယ်။သူကတော့စပါးအသင်းအတွက်ပထမအကျော့ကလည်းဂိုးသွင်းပေးနိုင်ခဲ့ပြီးဒုတိယအကျော့မှာလည်း၂ဂိုးသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။သူ့ရဲ့သွင်းဂိုးတွေကြောင့်သာစပါးအသင်းဟာနောက်တစ်ဆင့်ကိုတက်ရောက်နိုင်ခဲ့တာပါ။
![](https://s5.kh1.co/42/429f2b933b141cb51cceebfb2cce8e26604fd314.jpg)
![](https://s4.kh1.co/3c/3cc3fccd447fb948e4c5b9105914d912e750c279.jpg)
စပါးအသင်းမှာခြေစွမ်းပြပြီးဂိုးသွင်းယူနိုင်တဲ့ဆွန်ယောင်မင်ကတော့ဆီမီးဖိုင်နယ်အဖြစ်ကစားမယ်အေဂျက်အသင်းနဲ့ပွဲစဉ်ပထမအကျော့ကိုလွဲချော်ရတော့မှာဖြစ်ပါတယ်။စပါးအသင်းဟာအေဂျက်အသင်းနဲ့ပွဲကိုအဝေးကွင်းမှာကစားရမှာဖြစ်တာကြောင့်အသင်းအတွက်ကစားသမားတစ်ယောက်မပါဝင်တာကအသင်းကိုထိခိုက်စေတာပါ။ဆွန်ယောင်မင်ဟာမန်စီးတီးနဲ့ပွဲမှာအဝါပြခံရတာကြောင့်၃ဝါပြည့်သွားခဲ့ပြီးတစ်ပွဲပယ်ခံရတော့မှာဖြစ်ပါတယ်။
![](https://s4.kh1.co/c7/c7e8ae68755089e811ef3a4b7424994736cb21e4.jpg)
![](https://s4.kh1.co/33/33402188f10082de42ae29c00da0f67422fdc638.jpg)
SOURCE:Daily Mail
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။