အီရန်နိုင်ငံမှာ အမျိုးသမီးတစ်ဦးဟာ သူတို့ရဲ့အထွတ်အထိပ်အလေးအမြတ်ထားရာ ဟီဂျဘ် ကို ဝတ်ဆင်ပုံမှားယွင်းနေတာကြောင့် ရဲတပ်ဖွဲ့က Mahsa Amini အမည်ရ အမျိုးသမီး ကို ရိုက်နှက်ရာမှ သူမ ဟာ ကိုမာ ရောဂါဖြစ်ကာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ Amini ဟာ Tehran ရဲစခန်းတွင် အခြားအမျိုးသမီးများနှင့်အတူ ထိန်းသိမ်းခံရပြီးနောက် မကြာမီ သတိမေ့မျောသွားကာ ဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း သူမရဲ့ မိသားစုနှင့် ဆေးရုံမှ သိရှိခဲ့ရပါတယ်။ သူမကို အာဏာပိုင်တွေက ကိုယ်ထိလက်ရောက် စော်ကားခဲ့တယ်လို့ မိသားစုက စွပ်စွဲထားပေမယ့် ရဲတွေက သူမကို နှိပ်စက်ညှဉ်းပန်းမှုမှာ ငြင်းဆိုခဲ့ပြီး နှလုံးဖောက်ပြန်ခဲ့ကြောင်း သက်သေမပြဘဲ ပြောဆိုခဲ့ပါတယ်။
အဲ့သလို တာဝန်ယူမှုမရှိတဲ့ ဖြစ်စဉ်ကြောင့် အမျိုးသမီးသေဆုံးခဲ့ရမှုအပေါ် အီရန်နိုင်ငံရှိ အမျိုးသမီးတွေက အမျိုးသမီးတွေကိုဖိနှိပ်ချုပ်ချယ်ခြင်းအတွက် မကျေမနပ်ဖြစ်ကာ ဆန္ဒပြနေကြတာဖြစ်ပါတယ်။ အမျိုးသမီးတွေဦးဆောင်တဲ့ နိုင်ငံလုံးဆိုင်ရာ ဆန္ဒပြပွဲများကို အီရန်နိုင်ငံ အာဏာပိုင် တွေက အကြမ်းဖက်ကာ ဖြိုခွင်းနေကြတာပဲဖြစ်ပါတယ်။
အီရန်အာဏာပိုင်များ ဟာ ငြိမ်းချမ်းစွာဆန္ဒပြသူအများစုကို ငှက်ပစ်ခြင်း နှင့် အခြားသတ္တုကျည်ဆန်များ ၊ မျက်ရည်ယိုဗုံးများ ၊ မီးသတ်ပိုက်များဖြင့် ရိုက်နှက်ခြင်းအစရှိတဲ့ တရားမ၀င်နည်းလမ်းများဖြင့် လူစုခွဲခဲ့တာဖြစ်တဲ့အပြင် ဆန္ဒပြသူ ရှစ်ဦးကို လုံခြုံရေးတပ်ဖွဲ့များက သတ်ုက်တာဖြစ်ပြီး သေဆုံးသူများတွင် အမျိုးသား ခြောက်ဦး၊ အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦးတို့ ပါဝင်တယ်လို့ သိရပါတယ်။ ဒါတင်သာမက ကလေးငယ်များ အပါအဝင် ရာနှင့်ချီတဲ့ လူပေါင်းများစွာကိုလည်း ပြင်းထန်စွာ ဖမ်းဆီးခဲ့ပြီး ငှက်ကျည်ဆန်များနှင့် အခြားလက်နက်များကြောင့် အဆိုပါလူတွေဟာ နာကျင်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။