သြစတြေးလျနိုင်ငံ တက်စမေးနီးယားအနောက်ဘက်ကမ်းရိုးတန်းမှာ ဝေလငါး အကောင် ၂၀၀ ကျော် သောင်တင်ခဲ့ပြီး အများအပြား သေဆုံးခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၂၁ ရက်နေ့ညပိုင်းက ကမ်းခြေမှာ ရှေ့ပြေးဝေလငါး ၂၃၀ ခန့် သောင်တင်ခဲ့တာကြောင့် ကယ်ဆယ်ရေးသမားတွေကို အလျင်အမြန် ကယ်ထုတ်ဖို့ ကြိုးစားခဲ့ပေမယ့် အကောင် ၂၀၀ နီးပါးလောက်က သေဆုံးသွားခဲ့ပါတယ်။

Photo Credit - From Google
Photo Credit - From Google

သောင်ပြင်ပေါ်မှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ဝေလငါးတွေကိုတော့ ကြာသပတေးနေ့ (စက်တင်ဘာ ၂၂ ရက်) မှသာ ကယ်တင်နိုင်ခဲ့ပါတယ်။ ဘာကြောင့် ဝေလငါးတွေ သောင်တင်ရတာလဲဆိုတာကိုတော့ ဖော်ထားခဲ့ခြင်းမရှိခဲ့ပါဘူး။

Photo Credit - From Google
Photo Credit - From Google

အဆိုပါ နေရာဟာ ဝေလငါးတွေ အစုလိုက်အပြုံလိုက် သောင်တင်နေတဲ့ နေရာဖြစ်တာကြောင့် ဒီနေရာကို ထပ်ခါတလဲလဲ ဖြစ်စေတဲ့ ဒေသဆိုင်ရာ လက္ခဏာရပ်အချို့ ရှိတာကတော့ သေချာပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်ကလည်း Macquarie ဆိပ်ကမ်း ဝေလငါး ၅၀၀ နီးပါးလောက် အစုလိုက်အပြုံလိုက်သောင်တင်ခဲ့ပြီး အကောင် ၁၁၁ သာ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ ဖြစ်ရပ်ရှိခဲ့ပါတယ်။

Photo Credit - From Google
Photo Credit - From Google

သတင်းအရင်းမြစ်: Source - CNA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။