စက်တင်ဘာလ (၁၉) ရက်နေ့ က အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ မှာပြုလုပ်ခဲ့တဲ့ ဘုရင်မကြီး အယ်လိဇဘက်(၂) ရဲ့ ဈာပနအခမ်းအနားကို နိုင်ငံတကာက နိုင်ငံ့ခေါင်းဆောင်းများစုံလင်စွာ တက်ရောက်ခဲ့ပေမယ့် ထိုင်းတော်ဝင်မိသားစု အကြီးအကဲတွေကတော့ မတက်ရောက်ခဲ့နိုင်ခဲ့ဘူးလို့ သိရပါတယ်။

Photo Credit From Original Uploader

အဲ့သလိုမတက်ရောက်နိုင်ခဲ့တဲ့အတွက် ဘန်ကောက်ပြည်သူတွေဟာ ဘုရင်မကြီး အယ်လိဇဘက်(၂)ကို ဂါရဝပြုနိုင်ရန်အတွက် ထိုင်းတော်ဝင်နန်းတော် ရဲ့ အထင်ကရနေရာမှာ အထိမ်းအမှတ် ပြင်ဆင်ပေးထားခဲ့တယ်လို့ သိရပါတယ်။

Photo Credit From Original Uploader

နာဖရာလမ်းပေါ်က မာနီ နော့ပါရက် ဂိတ်အရှေ့ဘက်၊ တော်ဝင်နန်းတော်မှာ ဝမ်းနည်းခြင်းအထိမ်း အမှတ်အဖြစ် ပြင်ဆင်ပေးထားတဲ့ ဘုရင်မကြီး အဲလိဇဘတ်ရဲ့ ပုံတူကို လာမယ့် တနင်္ဂနွေနေ့အထိ နန်းတော်အရှေ့မှာထားရှိပေးသွားမှာဖြစ်ပြီး အထိမ်းအမှတ်နေရာသို့ လာရောက်မယ့်သူတွေမှာ ယဉ်ကျေးတဲ့အဝတ်အစား ဝတ်ဆင်လာကြဖို့ တိုက်တွန်းထားတာဖြစ်ပါတယ်။

Photo Credit From Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။