နောက်လ အောက်တိုဘာမှ စကာ အိန္ဒိယနိုင်ငံ ရဲ့ မီဇိုရမ်တက္ကသိုလ် မှာ မြန်မာဘာသာရပ်ကို သင်ကြားနိုင်တော့မယ်လို့ သိရပါတယ်။ ချင်းရေးရာအဖွဲ့ချုပ်နဲ့ မီဇိုရမ်တက္ကသိုလ်တို့ ပူးပေါင်းပြီး မီဇိုရမ်တက္ကသိုလ်တွင် မြန်မာဘာသာရပ်နဲ့ Communication Skill ကို စတင်သင်ကြားတော့မှာဖြစ်တယ်လို့ သိရှိထားရပါတယ်။

Photo Credit From Original Uploader

မြန်မာဘာသာရပ်ကို သေချာအသေးစိတ် သင်ကြားပေးမယ့်သူကတော့ မြန်မာဘာသာရပ်နဲ့ ထူးချွန်ဒေါက်တာ ဘွဲ့ ရရှိခဲ့တဲ့ Dr. Elis Thangi ဖြစ်ပြီးတော့ သူဟာဆိုရင် မီဇို ဘာသာရပ်စကားနဲ့အတူ မြန်မာစကားကိုပါ ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်သူဖြစ်တာကြောင့် ခုလိုရွေးချယ်ပေးထားတာဖြစ်တယ်လို့လည်းသိရပါတယ်။

Photo Credit From Original Uploader

မြန်မာဘာသာရပ်ကို သင်ကြားမယ့်ကာလကတော့ (၁၀) လကြာမြင့်မှာဖြစ်ပြီး မိမိကိုယ်တိုင်သင်ယူနိုင်မယ့်အချိန် နဲ့ ဆရာကသင်ကြားမယ့်အချိန်ဆိုပြီး နှစ်မျိုးခွဲထားတာဖြစ်ပါတယ်။ နာရီပေါင်း (၁၂၀) ကိုအတန်းထဲမှာသင်ကြားမှာဖြစ်ပြီး နာရီ (၃၀) ကိုတော့ မိမိဘာသာလေ့လာသင်ယူရမယ့်အချိန်လို့သတ်မှတ်ထားကာ ကျောင်းဝင်ကြေးကိုလည်း ရူပီး တစ်ထောင်သတ်မှတ်ထားတာဖြစ်ပါတယ်။ သင်ထောက်ကူပစ္စည်းတွေဝယ်ယူဖို့အတွက်ကတော့ ရူပီး (၁၂၀၀) ထပ်မံကုန်ကျမှာဖြစ်တယ်လို့ဆိုပါတယ်။

Photo Credit From Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။