မက္ကဆီကိုနိုင်ငံ Michoacan နှင့် Colima ပြည်နယ်နယ်စပ်ရှိ ကမ်းရိုးတန်းကို ဗဟိုပြုပြီး စက်တင်ဘာလ ၁၉ ရက် ယမန်နေ့က မွန်းလွဲ ၁ နာရီလောက်က ပြင်းအား ၇.၆ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ ငလျင်ဗဟိုချက်မှ မိုင် ၂၀၀ ခန့်အကွာရှိ ကမ်းရိုးတန်းဒေသများမှာ ဆူနာမီဖြစ်ပွားနိုင်တယ်လို့ အမေရိကန် ဆူနာမီသတိပေးဌာနက ထုတ်ပြန်ထားပြီး ဒီရေမျက်နှာပြင်အထက် ၁ မီတာမှ ၃ မီတာ (၃ မှ ၉ ပေ) အထိ လှိုင်းအသင့်အတင့်ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အအုံတချို့ ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့ပြီး လူတစ်ဦး သေဆုံးခဲ့ကြောင်း သမ္မတ Andres Manuel Lopez Obrador က သူ့ရဲ့ Twitter မှာ ပြောကြားခဲ့ပါတယ်။ ပျံ့နှံ့လာတဲ့ ရုပ်သံဖိုင်တွေမှာတော့ အဆောက်အအုံများ တုန်လှုပ်ချောက်ချားဖွယ် လှုပ်ယမ်းခါခဲ့ကြတာကို တွေ့မြင်ရပါတယ်။ ငလျင်ဗဟိုချက်ရဲ့ အရှေ့ဘက် မိုင် ၄၀၀ ခန့်အကွာ မက္ကဆီကိုစီးတီးမှာ ငလျင်ကြိုတင်ကာကွယ်မှုအဖြစ် အဆောက်အအုံများမှ ဒေသခံပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရတယ်လို့ သိရပါတယ်။
မက္ကဆီကိုနိုင်ငံမှာ ၁၉၈၅ ခုနှစ်က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၈.၀ အဆင့်ရှိ ငလျင်မှာ လူပေါင်း ထောင်နဲ့ချီ သေဆုံးခဲ့ရပါတယ်။ အလားတူ ၂၀၁၇ ခုနှစ်တုန်းကလည်း လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၁ အဆင့်ရှိ ငလျင်တစ်ခုမှာလည်း လူပေါင်း ၃၅၀ ကျော် သေဆုံးခဲ့တဲ့ ဖြစ်ရပ်များရှိခဲ့ပါတယ်။
သတင်းအရင်းမြစ်: Source - timesnownews
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။