ဘောလုံးဝါသနာရှင်များ ၊ အထူးသဖြင့် မန်ချက်စတာယူနိုက်တက် ကိုချစ်မြတ်နိုးတဲ့ ဘောလုံးဝါသနာရှင် ပရိသတ်တွေကတော့ ဘရူနိုဖာနန်ဒက်စ် လို့ပြောလိုက်တာနဲ့ မန်ချက်စတာယူနိုက်တက်မှာ ခပ်မိုက်မိုက်ကန်ချက်တွေနဲ့ အရမ်းစွန့်စားတတ်တဲ့ ကွင်းလယ်ကစားသမားတစ်ဦး လို့ပြေးမြင်မိကြမှာပါ။

Photo Credit From Original Uploader

ဘရူနိုဖာနန်ဒက်စ်ဟာ လက်ရှိမှာ နာမည်ကြီး ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက် နှင့် ပေါ်တူဂီလက်ရွေးစင်အသင်းတို့အတွက် ကွင်းလယ်တိုက်စစ်ကစားသမားအဖြစ် ကစားနေတဲ့ ပေါ်တူဂီပရော်ဖက်ရှင်နယ်ဘောလုံးသမားဖြစ်ပြီး သူ့ရဲ့ ဂိုးသွင်းပုံ ၊ ကစားပုံဖန်တီးမှု ၊ ဦးဆောင်မှု နှင့် ပင်နယ်တီကန်သွင်းမှု တို့ကြောင့် လူသိများ​ကျော်ကြားတဲ့ ဘောလုံးကစားသမားတစ်ဦးဖြစ်ပါတယ်။

Photo Credit From Original Uploader

ကွင်းထဲမှာ အစွန့်စားဆုံးသော ကစားသမားအဖြစ် လူသိများကျော်ကြားကာ ဝေဖန်ခံရလေ့ရှိတဲ့ ဘရူနို ဖာနန်ဒက်စ် ဟာ ဒီကနေ့မှာ အသက်(၂၈)နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် တစ်ဦးအဖြစ်သော်လည်းကောင်း ၊ မန်ချက်စတာယူနိုက်တက် ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားနိုင်တဲ့ ဘရူနိုတစ်ယောက် ကစားပုံတွေ ဒီ့ထက် မိုက်လာပြီး ဒီ့ထက်ပိုအောင်မြင်ပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။

Photo Credit From Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။