ယမန်နေ့ စက်တင်ဘာ(၄)ရက်နေ့ ၊ တနင်္ဂနွေနေ့ ၊ ည(၁၀)နာရီ ခန့်က သရဲနီ အမည်ရ မန်ချက်စတာယူနိုက်တက် အသင်း နဲ့ ရွှေကျေးအသင်း အမည်ရ အာဆင်နယ် အသင်း တို့ ပရီးမီးယားလိဂ်ပွဲစဉ်အတွက်ထိပ်တိုက်တွေ့ဆုံခဲ့ပြီး အဆိုပါ ပွဲဟာ ပရိသတ်များအကြား အတော်လေးရေပန်းစားနေခဲ့ပါတယ်။

Photo Credit From Original Uploader

အချိန်အတော်ကြာ ခြေပျက်ပြီးမှ လမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိလာခဲ့တဲ့ မန်ချက်စတာယူနိုက်တက် အသင်း နဲ့ ရှုံးပွဲ မရှိဘဲ တောက်လျှောက်ကျုံးလာပြီး ဇယားရဲ့ ထိပ်ဆုံးရောက်နေတဲ့ အာဆင်နယ်အသင်း ရဲ့ ယှဉ်ပြိုင်မှု ဟာ ကြုံတောင့်ကြုံခဲ ပရိသတ်များအကြား အတော်လေး နာမည်ကျော်ကြားနေခဲ့ပါတယ်။

Photo Credit From Original Uploader

ရှုံးပွဲမရှိဘဲ ဇယားထိပ်ဆုံးမှာရောက်ရှိနေတဲ့ အာဆင်နယ် ကို သရဲနီ ခေါ် မန်ယူအသင်းက ယမန်နေ့ ည က (၃-၁) ဂိုးဖြင့် အားပါးတရပဲ အနိုင်ယူခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းက အာဆင်နယ်ကို(၃)ဂိုး(၁)ဂိုးနဲ့ အနိုင်ယူခဲ့ပေမယ့် အာဆင်နယ် အသင်းဟာ လက်ရှိမှာဇယားထိပ်ဆုံးမှာပဲ ဆက်လက်တည်မြဲနေတယ်လို့သိရပါတယ်။

Photo Credit From Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။