မနေ့ကညက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Rajamangala ဘောလုံးကွင်းမှာ ရာသီအကြို ခြေစမ်းပွဲကစားခဲ့တဲ့ မန်ယူအသင်းက လီဗာပူးအသင်းကို (၄ - ၀) ဖြင့် အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါ မန်ယူအသင်း နှင့် လီဗာပူးအသင်းတို့ရဲ့ ပွဲစဥ်ကို ထိုင်းပရိသတ် ၅ သောင်းကျော်လောက်က သောင်းသောင်းဖြဖြ လာရောက်ကြည့်ရှုအားပေးခဲ့ကြတာ တွေ့ရပါတယ်။ ဒီကနေ့မှာတော့ ထိုင်းမီဒီယာတွေမှာ မန်ယူအသင်း မနေ့က ရရှိသွားခဲ့တဲ့ "The Match Bangkok Century Cup 2022" ဆုဖလားကို ပြန်မယူသွားပဲ ဘန်ကောက်မှာပဲ ထားခဲ့ကြောင်း ဖော်ပြလာခဲ့ပါတယ်။

အဆိုပါ ဆုဖလားကို မနေ့ကညက မန်ယူအသင်း ရဲ့ မန်နေဂျာသစ် Erik ten Hag နဲ့ အသင်းခေါင်းဆောင် Bruno Fernandes တို့က ဆုပေးပွဲအခမ်းအနားမှာ ဆုဖလားကိုလက်ခံခဲ့တာပါ။ ယင်းဆုဖလားရဲ့ အောက်ခြေကို ကွန်ပြူတာ ကာဗာနဲ့ ပြုလုပ်ထားတာလို့ သိရပါတယ်။ ကွန်ပြူတာ hardware store Advice က စပွန်ဆာပေးထားတာပါ။ဆုဖလားဟာ Rajamangala ဘောလုံးကွင်း ပုံစံဖြစ်တာကြောင့် ပွဲအပြီးမှာ ထိုင်းနှင့်ပြည်ပပရိသတ်များက အဲ့ဒီဇိုင်းနှင့် အရွယ်အစားကို မေးခွန်းထုတ်ခဲ့ပြီး ဝေဖန်ခဲ့ကြပါသေးတယ်။

ပွဲစီစဉ်သူ Fresh Air Festival ကုမ္ပဏီကတော့ သူတို့အနေနဲ့ ဆုဖလားကို UK သို့ ပေးပို့မည်ဟု နောက်ပိုင်းမှာ ပို့ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် မန်ချက် စတာ ယူနိုက်တက်အနေနဲ့ ဘန်ကောက်ကနေတစ်ဆင့် မကြာမီ ရာသီကြို ပွဲစဉ်များအတွက် ဩစတေးလျသို့ သွားရောက်ခဲ့ခြင်း ကြောင့် ဆုဖလားကို သယ်ဆောင်သွားဖို့က အသင်းအတွက် အခက်အခဲဖြစ်နေကြောင်း ကုမ္ပဏီ မှ ရှင်းပြထားပါတယ်။ ထိုင်းမီဒီယာတွေကတော့ အဆိုပါ ဆုဖလားကြီးကို အနီးကပ်ကြည့်ရှုဖို့ ကုမ္ပဏီထံ ခွင့်တောင်းထားကြောင်း သိရပါတယ်။ မန်ယူအသင်းဟာ သောကြာနေ့မှာ မဲလ်ဘုန်းမြို့တွင် အောင်ပွဲခံပြီး ပရီးမီးယားလိဂ်ပြိုင်ဘက် ခရစ္စတယ်ပဲလေ့စ်နှင့် ဇူလိုင် ၁၉ ရက်နေ့မှာ ပါ့သ်မြို့၌ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

သတင်းအရင်းမြစ်: Source - Nation Thailand

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။