ဘောလုံးအားကစားနဲ့ ပတ်သက်လာရင် ဆရာတစ်ဆူလို့ ပြောလို့ရလောက်တဲ့အထိကို ပရိသတ်ရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ ဘောလုံးအကျော်အမော် စီရော်နယ်ဒို ကတော့ သူ့ရဲ့ ငယ်ဘဝ ဖြတ်သန်းရာ မန်ချက်စတာယူနိုက်တက်မှာ ပြန်လည် ကစားနေခဲ့ပြီး အခုဆိုရင် (၁၀) လကျော် ကာလအတွင်းသို့ရောက်ရှိနေပြီဖြစ်ပါတယ်။

Photo Credit From Original Uploader

စီရော်နယ်ဒို ကို မန်ချက်စတာယူနိုက်တက်အသင်း က (၂၀၂၁)ခုနှစ် ၊ ဩဂုတ်လ က ပေါင် သန်း(၂၀)ဖြင့် ဝယ်ယူခဲ့ပြီး ရော်နယ်ဒို မန်ယူကို ပြန်လာခဲ့ခြင်းဟာ ဟိုးယခင် နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန် အတွက် ကျေးဇူးဆပ်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

Photo Credit From Original Uploader

ရော်နယ်ဒို ဟာ မန်ယူအသင်းအပေါ် အဲ့သလို သစ္စာရှိခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက် ကတော့ ရော်နယ်ဒို ကို ပြန်လည်ရောင်းချတော့မယ်လို့ ဆိုပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်း ဟာ ရော်နယ်ဒို အား ယူရို ၁၅ သန်း (ပေါင် ၁၃ သန်း) ရလျှင် ရောင်းချသွားမှာဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။ ဒီသတင်းဟာ မန်ယူပရိသတ်တွေအတွက်တော့ တကယ်ကို ရင်ကွဲစရာ ကိစ္စရပ်တစ်ခုဖြစ်ပါတယ်။

Photo Credit From Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။