အင်္ဂလန်နိုင်ငံက အများပြည်သူပိုင်စာကြည့်တိုက်တစ်ခုမှာ လွန်ခဲ့တဲ့ ၇၆ နှစ်ကငှားသွားခဲ့တဲ့စာအုပ်တစ်အုပ်ကို ပြန်လာအပ်သူရှိတစ်ဦးရှိလာပါတယ်။စာအုပ်ကိုငှားသွားသူကတော့ ကွယ်လွန်သွားပြီဖြစ်ပြီး ခုပြန်လာအပ်တာက ငှားသွားသူရဲ့သားဖြစ်တယ်လို့သိရပါတယ်။

Bradford ကောင်စီရဲ့ Keighley စာကြည့်တိုက်ကို Charile Studdy ဆိုသူက Email တစ်စောင်ပို့ခဲ့ပြီး စာအုပ်ကိုပြန်အပ်ခဲ့တာပါ။သူဟာမိသားစုပိုင်စာအုပ်တွေကို ပြန်မွှေနှောက်နေရင်းနဲ့ အဲ့ဒီစာအုပ်ကိုရှာတွေ့ခဲ့တာပါတဲ့။စာအုပ်က This Way to The Tomb လို့အမည်ရပြီး Ronald Duncan ဆိုတဲ့စာရေးဆရာရေးသားထားတဲ့ ဝတ္ထုစာအုပ်တစ်အုပ်ဖြစ်ပါတယ်။

နောက်ဆုံးပြန်လည်အပ်နှံရမယ့်အချိန်က ၁၉၄၆ ခုနှစ်၊ဇူလိုင်လ ၁၇ ရက်နေ့ဖြစ်ပြီး ပြန်အပ်ခဲ့ချိန်ကတော့ ၂၀၂၂ ခုနှစ်၊ဂျွန်လ ၁၄ ရက်မလို့ ၇၆ နှစ်တောင်နောက်ကျနေခဲ့ပါတယ်။ငှားသွားသူက Charlie ရဲ့ကွယ်လွန်သွားပြီဖြစ်တဲ့အမေ Eileen Hoyle ဖြစ်နိုင်တယ်လို့သူကပြောခဲ့ပါတယ်။

ဒီအကြောင်းကို စာကြည့်တိုက်က Twitter Post ကနေကြေညာခဲ့တာပါ။ပြန်အပ်ခဲ့သူကတော့ ပျော်ပျော်ကြီးပြန်အပ်ပေးခဲ့ပေမဲ့ ပေးဆောင်ရမယ့်ရက်လွန်ကြေးတွေကိုတော့ မပေးနိုင်ကြောင်းလည်း တစ်ခါတည်းထုတ်ပြောခဲ့ပါတယ်။စာကြည့်တိုက်ဖက်က ရက်လွန်ကြေးကိုတွက်ချက်ကြည့်ရာမှာတော့ စုစုပေါင်းဒေါ်လာ ၄၃၀၀ ကျော်ကျသင့်ပေမဲ့ ရက်လွန်ကြေးမတောင်းတော့ပဲ စာအုပ်ကိုပဲပြန်လည်တောင်းခံသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။
Yesterday we received an email about a very overdue book. A play by Ronald Duncan called This Way to the Tomb.
— Keighley Library & Local Studies (@KeighleyLibrary) June 14, 2022
It had come from the gentleman's late mothers house and was due back on the 17th July 1946 ? That is definitely a record for us, nearly 76 years overdue. 1/3
သတင်းအရင်းမြစ်: Book returned to library in England after nearly 76 years
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။