ရန်ကုန်မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၄၇/၀) ဖာလုံနားတွင် ဒီကနေ့ ဇွန်လ ၆ ရက်နေ့ ၊ နေ့လည်ပိုင်းက ကားတစ်စီး လမ်းလယ်ကျွန်းပေါ်ရှိ ခရေပင်နှင့် ဝင်တိုက်မိပြီး ထက်ပိုင်း ပြတ်သွားခဲ့ပါတယ်။ ယာဉ်တိုက်မှုအရှိန် ပြင်းထန်လွန်းတာကြောင့် အဆိုပါမော်တော်ယာဉ်မှာ လိုက်ပါလာသူ အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ ရတယ်လို့ သိရပါတယ်။ 

အမြန်လမ်းမီးသတ်တပ်ဖွဲ့
အမြန်လမ်းမီးသတ်တပ်ဖွဲ့

ယာဉ်တိုက်မှု ဖြစ်ပွါးခဲ့တဲ့ ကားအမျိုးအစားက MARK ll  အမျိုးအစား ၊ အဖြူရောင် ဖြစ်ပြီး ရန်ကုန်ဘက်နေနေပြည်တော် ဘက်သွားတဲ့ အခြမ်းမှာ မတော်တဆမှု ဖြစ်ပွါးခဲ့တာလို့ သိရပါတယ်။ 

အမြန်လမ်းမီးသတ်တပ်ဖွဲ့

အခင်းဖြစ်ပွါးပြီးပြီး ချင်းမှာ အမြန်လမ်း မီးသတ်တပ်ဖွဲ့ဝင်တွေ သွားရောက် ကူညီကယ်ဆယ်ခဲ့ပေမယ့် ဒဏ်ရာရရှိထားသူအမျိုးသား မှာ တောင်ငူ ပြည်သူ့ ဆေးရုံသွားတဲ့ လမ်းပေါ်မှာပဲ ဆုံးပါး သွားခဲ့ရတယ်လို့ သိရပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။