အခုနောက်ပိုင်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ နာမည်ကြီးနေသူလေးကတော့ သမန်းကုန်းရွာက သရက်ကင်ရောင်းတဲ့ ဂျမ်းတော ခေါ် အေးချမ်းသူလေးပဲ ဖြစ်ပါတယ်။ သရက်ကင်သည်ကလေးမလေး ဂျမ်းတောက မိသားစုစားဝတ်နေရေးအတွက် အသက်မပြည့်သေးတဲ့ အရွယ်မှာပဲ ပင်ပင်ပန်းပန်း ရုန်းကန်နေရ သူလေး ဖြစ်ပါတယ်။ 

စည်သူ ဘီးကျဲ’s Facebook 

ဂျမ်းတောမှာ မွေးချင်းမောင်နှမ ၁၀ ယောက်ရှိပြီး သူမကပဲ တစ်မိသားစုလုံးကို သရက်ကင် ရောင်းရင်း ရှာဖွေကျွေးမွေး နေရတာ ဖြစ်ပါတယ်။ ၃ တန်းအရွယ်နဲ့ ကျောင်းထွက်ထားပြီး သရက်ကင်ရောင်းနေတဲ့ ဂျမ်းတောလေးရဲ့ ထူးခြားတဲ့ အရည်အချင်းကတော့ စကားအမြန်ပြောတတ်တာပဲဖြစ်ပါတယ်။ ဂျမ်းတောလေးက စိတ်မရှည်တာကြောင့် စကားအမြန်ပြောတာလို့ သိရပြီး စကားအမြန်ပြောတတ်တဲ့ အရည်အချင်းလေးကြောင့်ပဲ လူမှုကွန်ရက်စာမျက်နှာမှာ နာမည်ကြီးလာတာ ဖြစ်ပါတယ်။

ဂျမ်းတောလေးရဲ့ မိခင်ကြီးဟာဆိုရင် နေမကောင်းဖြစ်နေတာကြောင့် ဆေးရုံတင်ထားရတဲ့ သူဖြစ်ပါတယ်။ ဒီကနေ့ဇွန်လ ၄ ရက်နေ့ မှာတော့ ဂျမ်းတောလေးရဲ့ မိခင်ကြီး ဆုံးပါသွားခဲ့ပြီလို့ ဂျမ်းတောလေးက ငိုရင်း အသိပေးလာခဲ့ပါတယ်။ သရက်ကင်သည် ဂျမ်းတောလေးရဲ့ ဗီဒီယိုကို အောက်မှာ ကြည့်နိုင်ပါတယ်။

Video Credit 

ဂျမ်းတောလေးရဲ့ မိခင်ကြီး ဆုံးပါးသွားခဲ့ရတဲ့ အကြောင်းကို သရုပ်ဆောင် အဆိုတော် စည်သူပလပ်ကျွပ် ကဗီဒီယိုလေးနဲ့ တကွ တင်ပေးထားတာဖြစ်ပါတယ်။ ကြားရတဲ့ သတင်းအတွက်စိတ်မကောင်း ဖြစ်ရပါတယ်နော်ဂျမ်းတောလေးရေ .. 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။