အသက် ၁၀ နှစ်အရွယ်ရှိတဲ့ ကျောင်းသူလေး Amerie Jo Garza ဟာ အမေရိကန် ၊ တက္ကဆက်ပြည်မှာ ဖြစ်ပွါးခဲ့တဲ့မူလတန်းကျောင်းပစ်ခတ်မှုမှာ ရဲတပ်ဖွဲ့ဆီကို ဖုန်းဆက်ရင်း ဆုံး ပါးသွားခဲ့ရတဲ့ သူလေးဖြစ်ပါတယ်။ 

Google

မေလ ၂၄ ရက်နေ့မှာ ဖြစ်ပွါးခဲ့တဲ့ မူလတန်းကျောင်း ပစ်ခတ်မှု ဖြစ်စဉ်အတွင်း မှာ Amerie Jo Garza လေးကရဲစခန်းဖုန်းနံပါတ် ၉၁၁ ကိုဖုန်းဆက် အကူအညီတောင်းနေရင်း သေနတ်နဲ့ အပစ်ခံခဲ့ရတာဖြစ်ပါတယ်။ 

Google

Amerie Jo Garza လေးက ပထွေးဖြစ်သူ နဲ့ နေသူလေး ဖြစ်ပြီး ကျောင်းလှုပ်ရှားမှုတွေမှာ တတ်တတ်ကြွကြွ ရှိသလို မတရားမှုတွေကိုလည်း လက်ပိုက် ကြည့်မနေတတ်သူလေးလို့ သိရပါတယ်။ သူမက ဖုန်းအရမ်းလိုချင်တာကြောင့်ပထွေး ဖြစ်သူက လွန်ခဲ့တဲ့ ၂ ပတ် Amerie Jo Garza လေး ရဲ့ မွေးနေ့ ကမှ ဖုန်းလေး ဝယ်ပေးထားခဲ့တာလို့ သိရပါတယ်။ 

Google

ပစ်ခတ်မှု ဖြစ်ပွါးချိန်မှာ မိမိရဲ့ အသက်အန္တရာယ်ကို ဂရုမစိုက်ဘဲ အတန်းဖော်တွေနဲ့ ဆရာမတွေကို ကူညီကယ်တင်ဖို့ ကြိုးစားပေးခဲ့တဲ့ Amerie Jo Garza လေးကို The Girl Scouts အဖွဲ့အစည်းက မေလ ၃၁ ရက်နေ့မှာ အမြင့်ဆုံး  ဂုဏ်ပြုဆုတွေထဲက တစ်ခုကို ချီးမြှင့်ခဲ့ပါတယ်။ 

Twitter
Google

Amerie Jo Garza လေး ရရှိခဲ့တဲ့ ဆုက Bronze Cross ဆု ဖြစ်ပြီး ကိုယ်ကျိုးစွန့် အနစ်နာခံပြီး အခြားသူတွေအတွက် အသက်ပေးသွားတဲ့ သူတွေကို ချီးမြှင့်တဲ့ အမြင့်ဆုံး ဆုတွေထဲက တစ်ဆု ဖြစ်ပါတယ်။ 

Google
Google
Google

ငယ်ရွယ် ပြီး အများအကျိုးဆောင်ရွက် တတ်တဲ့ သွက်သွက်လက်လက် ကလေးမလေး Amerie Jo Garza  ဟာကွယ်လွန်သွားချိန်မှာ အသက် ၁၀ နှစ်သာ ရှိပါသေးတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။