အင်တာနက်ပေါ်မှာ ပျံ့နှံ့လာတဲ့ သတင်းတွေထဲမှာ အီရန်နိုင်ငံက ကျောင်းဆရာတစ်ဦး က သူ့ရဲ့ တပည့်မလေးကို စာသင်ပေးဖို့ ဝေးလံခေါင်ဖျား အရပ်တွေဆီ သွားတဲ့  အကြောင်းအရာလေးကလည်း လူစိတ်ဝင်စားမှု မြင့်တတ်လျက်ရှိပါတယ်။ ဒီအကြောင်းအရာကလေး လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်ကတည်းက Reddit အသုံး ပြုသူ ဝေမျှ ခဲ့တဲ့ အကြောင်းအရာလေးဖြစ်ပါတယ်။ အခုအချိန်မှာ ပြန်လည်ပြီး လူစိတ်ဝင်စားမှု မြင့်တတ်နေခဲ့တာဖြစ်ပါတယ်။

Globalpositivenews

Reddit အသုံးပြုသူ ဝေမျှထားတဲ့ ဓာတ်ပုံလေးထဲမှာ အီရန်ကျောင်းဆရာက ဝေးလံခေါင်ဖျား အရပ်က သူ့ရဲ့ တစ်ဦးတည်းသော တပည့်မလေးဆီကို ကိုယ်တိုင်သွားပြီး စာသင်ပေးနေတာဖြစ်ပါတယ်။ စာသင်ပေးဖို့အတွက် whiteboard မရှိတာကြောင့် ဆရာက သူ့ရဲ့ ကားအဖြူလေးကို whiteboard အဖြစ်အသုံးပြုနေတာ ဖြစ်ပါတယ်။

Reddit

ဒီပုံလေးကို တင်တင်ချင်းမှာပဲ Reddit အသုံးပြုသူတွေ ကြားမှာ နာမည်ကြီးခဲ့ပြီး အီရန်ကျောင်းဆရာကို ချီးကျူး ဂုဏ်ပြုတဲ့ မှတ်ချက်တွေ အများကြီးရရှိခဲ့ပါတယ်။ အီရန်နိုင်ငံက ဆရာတွေက တပည့်တွေ ပညာတတ်ဖို့ အရေးကိုပဲ ရှေးရှုကြပြီး လုပ်ရိုးလုပ်စဉ် ကျောင်းတတ်ခြင်းဆိုတဲ့ လမ်းစဉ်ကို သွေဖယ်တဲ့ မတူတဲ့ လမ်းစဉ်ကို အသုံးပြုနေကြတာဖြစ်ပါတယ်။

Reddit

နောက်ထပ် ဓာတ်ပုံတစ်ပုံမှာလည်း အီရန်ဆရာမ တစ်ဦးကလည်း သူမ ဆေးရုံတတ်နေစဉ်မှာ တပည့်တွေကို ဆေးရုံကုတင်မှာ လဲလျောင်းနေရင်း စာသင်ပေးနေခဲ့တာဖြစ်ပါတယ်။ ဆေးရုံကုတင်မှာ လဲလျောင်းပြီး ကလေးတွေကို စာသင်ပေးနေတဲ့ ဆရာမရဲ့ ဓာတ်ပုံဟာလည်း အရမ်းကို နာမည်ကြီး ရေပန်းစားပြီး လူပြောများနေခဲ့ပါတယ်။ စံနမူနာယူထိုက်ပြီး ချီးကျူးဂုဏ်ပြုဖို့ ကောင်းတဲ့ အီရန် ဆရာမတွေ ဆရာတွေရဲ့ အကြောင်းကို ဗဟုသုတ ရဖွယ်လေး ဖော်ပြပေးလိုက်ရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။