ထိုင်းနိုင်ငံမှာဆိုရင် ဆေးခြောက်ပင် စိုက်ပျိုးမှုကို တရားဝင် အဖြစ်သတ်မှတ်လိုက်ပြီပဲ ဖြစ်ပါတယ်။ ဒါကို တချို့ထိုင်းဘက်က ရဲတွေက ငွေညှစ်ပြီး အခုအချိန်ထိ ဆေးခြောက်ပင် စိုက်တဲ့ သူတွေကို လိုက်ဖမ်းတာမျိုး ရှိနေတုန်းပဲ ဖြစ်ပါတယ်။ အခုတစ်ခေါက် ဖြစ်စဉ်ကလည်း ဒီလိုပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ အစိုးရက တရားဝင် ခွင့်ပြုထားတဲ့ ဆေးခြောက်ကို ထိုင်းရဲတွေက ခွင့်မပြုထားတဲ့ ဆေးခြောက်ပင် ၅ မျိုး စာရင်းထဲမှာ ပါတယ်လို့ဆိုကာ အရေး ယူခဲ့တာဖြစ်ပါတယ်။

Google

ဒါကြောင့် ဖမ်းဆီးထောင်ချခဲ့တဲ့ ချုံဘူရီ ဆီရီ ၊ ရာချာ ရဲစခန်းမှ ထိုင်းရဲ လေး ဦးကို စစ်ဆေးကာ ရာထူးတွေကနေ ဖယ်ရှား သွားမယ်လို့ သိရပါတယ်။ ဖြစ်စဉ်မှာ ချုံဘူရီ ဆီရီ ၊ ရာချာ မှာ အိမ်ငှားနေထိုင်တဲ့ အသက် ၅၆ နှစ်အရွယ် အမျိုးသမီး ပွန်ပီမွန်ပတ်ကော့ဘွန်ကို နေ အိမ်မှာ ဆေးခြောက်ပင် စိုက်ပျိုးထားရှိမှုနဲ့ ပြီးခဲ့တဲ့ ရက် အနည်းငယ်က ဖမ်းဆီးပြီး အကျဉ်းထောင်ထဲ တစ်ည ပို့လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

https://thethaiger.com/

နောက်တော့ အဆိုပါ အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူက အာမခံကြေးအတွက် ဘတ် ၁ သောင်းခွဲကနေ ၃ သောင်း လိုအပ်တယ်လို့ ရဲအရာရှိက ဆိုတာကြောင့် ပြင်ဆင်ခဲ့ရကြောင်း ဆိုထားပါတယ်။ ဒါပေမယ့်လည်း တရားရုံးဘက်က အာမခံကြေးငွေအတွက် အပေါင် ပစ္စည်း မထားဘဲ ယာယီ လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

https://thethaiger.com/

ဆေးခြောက်ပင်တွေ ကို အဆိုပါ အမျိုးသမီးက အစားအသောက်ထဲ ထည့်သုံးဖို့နဲ့ အိမ်တွင်း ကုထုံး အဖြစ်သာ ရည်ရွယ်ပြီး စိုက်ပျိုးထားတာလို့ ဆိုထားပေမယ့် ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဖမ်းဆီးပြီး အာမခံကြေး တောင်းခဲ့တဲ့ ရဲ ၄ ဦးကို ရာထူးကနေ ချသွားဖို့ စစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။