Stranger Things ပရိသတ်များဟာ Netflix ရဲ့ နောက်ဆုံးထွက်ရှိုးကို ကြည့်ရှုပြီးနောက် သူတို့ရဲ့ တိုင်ကပ်နာရီများကို စွန့်ပစ်ရန် ပြလုပ်ခဲ့ကြပါတယ်။ Season 4 ရဲ့ Part One ကို မေလ 27 ရက် သောကြာနေ့တွင် ပြသခဲ့ပြီး Duffer ညီအစ်ကိုများဟာ သူတို့ရဲ့ အမှောင်မိုက်ဆုံးနှင့် ကြောက်စရာအကောင်းဆုံး ဖြစ်အောင်လုပ်မယ်ဆိုတဲ့ ကတိကို တည်ခဲ့ကြပါတယ်။ ကြောက်မက်ဖွယ်ကောင်းတဲ့ Baddie Vecna ​​အသစ်နှင့်အတူ Trailer ထွက်လာတုန်းက ပထမဆုံးမြင်လိုက်ရတဲ့ တိုင်ကပ်နာရီကြီးလည်း ရှိပါတယ်။

ဒီနာရီကြီးရဲ့ အဓိပ္ပာယ်ဟာလည်း ယုတ်ညံ့တဲ့ အဓိပ္ပာယ်ရှိနေပါတယ်။ ယခု ဒီနေရာတွင် Season 4 အတွက် spoiler နယ်မြေသို့ ရောက်ရှိလာပြီးဖြစ်တာမို့ သတိပေးလိုက်ပါတယ်။ ဇာတ်လမ်းတွဲရဲ့အဆုံးတွင် Max (Sadie Sink) ဟာ တိုင်ကပ်နာရီကိုမြင်ပြီးနောက် Vecna ​​ရဲ့လက်ထဲတွင် ဖမ်းမိခဲ့ပြီး အဖွဲ့သားများက သူမကို လက်တွေ့ကမ္ဘာထဲသို့ ပြန်လည်ရောက်ရှိစေမယ့် တစ်ခုတည်းသောနည်းလမ်းမှာ သူမရဲ့အကြိုက်ဆုံးသီချင်းကို နားကြပ်ထဲကနေကြားအောင် ဖွင့်ပေးရမှာဖြစ်ပါတယ်။ အဲ့ဒီနာရီကိုမြင်တဲ့သူတိုင်းဟာလည်း သေကြရပါတယ်။

နောက်ဆုံးတွင် သူတို့ဟာ Kate Bush ရဲ့ 1985 'Running Up That Hill' တိပ်ခွေကို တွေ့ရှိခဲ့ပြီး ဖွင့်ခဲ့ရာ သူမလွတ်မြောက်နိုင်ခဲ့ပါတယ်။ ပရိသတ်များစွာဟာ ဒီအခန်းကြောင့် သူတို့ရဲ့ တိုင်ကပ်နာရီများကို ထိတ်လန့်ခဲ့ရပြီး TikTok တွင် ပြောစရာများဖြစ်လာခဲ့ပါတယ်။ TikToker Rhiannon Lily Winder (@rhiannon.winder) ရဲ့ ဗီဒီယိုဖိုင်တစ်ခုတွင် Kate Bush ရဲ့သီချင်းကို နောက်ခံသီချင်းဖြင့်ဖွင့်ခဲ့ပြီး သူမအိမ်က ရှေ့ဟောင်းတိုင်ကပ်နာရီကြီးကို ပြသခဲ့ပါတယ်။ သူမပြတဲ့နာရီကြီးဟာ Stranger Things ထဲက နာရီနဲ့အတူတူပါပဲ။

သူမက အနည်းငယ်စိုးရိမ်ပုံရပြီး “ကောင်းပြီ ငါကြောက်နေပြီ” ဆိုပြီး ရေးထားပါတယ်။ နောက်ထပ်တစ်ခုတွင် Ky (@adoboflakeslover) ဟာ နာရီကို မမြင်မီ သူမရဲ့အိမ်တွင် ပေါ့ပေါ့ပါးပါး လမ်းလျှောက်နေခဲ့ပါတယ်။ အဲ့နောက် နာရီကိုမြင်ချိန်မှာ သူမဟာ မပြေးမှီ နားကြပ်ကို အမြန်ယူကာ "ငါတို့ရဲ့ နာရီကို အမြန်ဆုံး လွှင့်ပစ်လိုက်မယ်" လို့ စာတန်းထိုးထားတဲ့ ဗီဒီယိုကို တွေ့ရပါတယ်။ တခြားလူများစွာဟာလည်း ဒီနာရီကိုမြင်တဲ့အခါ ကြောက်လန့်ကြပြီး လွင့်ပစ်မယ်ဆိုတဲ့ Video များစွာတင်ခဲ့ကြပါသေးတယ်။

သတင်းအရင်းမြစ်: Ladbible

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။