ဖလော်ရီဒါပြည်နယ် ရဲတပ်ဖွဲ့က ကျောင်းပစ်ခတ်မှုတွေနဲ့ ကြုံလာတဲ့အခါ သတ်ပစ်ဖို့ တွန့်ဆုတ်နေမှာမဟုတ်ဘူးလို့ ပြတ်ပြတ်သားသား သတိပေးထားပါတယ်။ Lee County ရဲအရာရှိ Carmine Marceno ဟာ ကျောင်းတွင် သေနတ်ပစ်ဖောက်မည်ဟု ခြိမ်းခြောက်မှုဖြင့် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ရဲများက ဖမ်းဆီးပြီးနောက် ရက်ပိုင်းအကြာတွင် ဌာနရဲ့ တုံ့ပြန်မှုကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ "မင်းက ငါ့ခရိုင်မှာရှိတဲ့ ငါ့ကျောင်းတစ်ကျောင်းထဲကို အသေအပျောက်ဖြစ်‌ေအာင် လုပ်လို့ မရဘူး။" လို့ Marceno က W Radio သို့ news.com.au သို့ပြောခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့ဟာ စက္ကန့်ပိုင်းမျှ မဆိုင်းမတွဘဲ ပစ်သတ်မှာမို့လို့ပါပဲ။ သင်က ကလေး၊ ဆရာ ဒါမှမဟုတ် ကျောင်းက၀န်ထမ်းတစ်ဦးကို သတ်မယ်လို့ တွေးထားရင် ပြန်စဉ်းစားကြည့်ပါ- ငါတို့ဟာ မင်းကို ချက်ချင်းသတ်ပစ်မှာမို့ပါ"

ခြိမ်းခြောက်စာများပေးပို့သည်ဟု စွပ်စွဲခံထားရတဲ့ Cape Coral ရှိ Patriot မူလတန်းကျောင်းမှ ပဉ္စမတန်းကျောင်းသားကို Marceno က ဆက်လက်ပြောပြခဲ့ပါတယ်။ "ကောင်လေးက အသက် 10 နှစ်ပဲရှိသေးတယ်၊ သူ့ဦးနှောက်က အပြည့်အဝမဖွံ့ဖြိုးသေးပါဘူး၊ သူက အရွယ်မရောက်သေးပါဘူး၊ ဒီတော့ ကျွန်တော် သင့်ကိုပြောစရာရှိတယ်၊ 10 နှစ်သားက ခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့ နောက်ဆက်တွဲရလဒ်က အသက်အရွယ်မရွေး အတူတူပါပဲ" လို့ ရဲမှူးက ပြောခဲ့ပါတယ်။ ကောင်လေးအဖမ်းခံရချိန်တွင် Marceno က "ဒီကျောင်းသားရဲ့ အပြုအမူက ဆိုးဝါးပါတယ်၊ ​​အထူးသဖြင့် တက္ကဆက်ပြည်နယ် Uvalde မှာ မကြာသေးမီက ဖြစ်ရပ်ဆိုးအပြီးမှာပေါ့။

"ကျွန်တော်တို့ရဲ့ကလေးများ ဘေးကင်းကြောင်း သေချာစေရန်မှာ အရေးကြီးဆုံးဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ကျောင်းများတွင် တရားဥပဒေစိုးမိုးမှု ရှိရပါမည်။ ကျွန်တော်ရဲ့အဖွဲ့ဟာ ဒီခြိမ်းခြောက်မှုကို စုံစမ်းစစ်ဆေးရန် တစ်စက္ကန့်မျှ မတွန့်ဆုတ်ပါဘူး။" ကောင်လေးကို ကျဉ်ဆံတစ်တောင့်နဲ့အတူ ဖမ်းဆီးခဲ့ပြီး ဒါဟာ ခြိမ်းခြောက်မှုရဲ့နောက်ဆက်တွဲကို ဖော်ပြချင်တဲ့ရည်ရွယ်ချက်ကို ပြသခြင်းဖြစ်ပါတယ်။ ကျည်ဆံကအတုဆိုရင်တောင်မှ ရဲတွေက ဖမ်းဆီးမှာဖြစ်ပါတယ်။ Lee ခရိုင် ရဲဌာနဟာ ဒီခြိမ်းခြောက်မှုကို အတုဖြစ်စေ မဖြစ်စေ အလေးထားမှာမဟုတ်တာကြောင့် သူတို့ရဲ့ လျင်မြန်စွာ တုံ့ပြန်မှုအတွက် ဆိုရှယ်မီဒီယာပေါ်တွင် အကြီးအကျယ် ချီးကျူးခံခဲ့ရပါတယ်။ သားဖြစ်သူ ဖမ်းဆီးခံရပြီးနောက် ဖခင်ဖြစ်သူက The New York Post နှင့် အင်တာဗျူးတွင် ကြေကွဲ၀မ်းနည်းခဲ့ပါတယ်။ မိသားစုနေအိမ်တွင် သေနတ်များတွေ့ရှိခဲ့ကြောင်း အာဏာပိုင်များက အတည်ပြုခဲ့ပါတယ်။

သတင်းအရင်းမြစ်: Ladbible

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။