ထိုင်းနိုင်ငံမှာဆိုရင် Live လွှင့်သူများနဲ့ ဓာတ်ပုံရိုက်သူများနဲ့ သက်ဆိုင်တဲ့ ဥပဒေသစ်တစ်ရပ် ပေါ်ပေါက်လာခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဥပဒေရဲ့ နာမည်က Personal Data Protection Act (PDPA) ပုဂ္ဂိုလ်ရေးရာအချက်အလက် ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေသစ် လို့သိရပြီး ဇွန်လ ၁ ရက်နေ့မှာ စတင် အကျုံးဝင်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

Google

Personal Data Protection Act (PDPA) ပုဂ္ဂိုလ်ရေးရာအချက်အလက် ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေသစ် ထဲမှာ  ထိုင်းနိုင်ငံမှာ ဓာတ်ပုံရိုက်ရင်ပဲ ဖြစ်ဖြစ် ၊ Live လွှင့်ရင်ပဲဖြစ်ဖြစ် အခြားသူရဲ့ မျက်နှာ ပါလို့ မရတော့ဘူးဆိုတဲ့ အချက်ပါဝင်လာပါတယ်။  ကိုယ်ရိုက်လိုက်တဲ့ ပုံထဲမှာ အခြားသူတစ်ယောက် ပါနေခဲ့ရင် အခြားသူကခွင့်မပြုပါက တရားစွဲလို့ ရတယ်လို့ သိရပါတယ်။ 

Google

တကယ်လို့ ကိုယ်ရိုက်နေတဲ့ ဓာတ်ပုံထဲမှာ လူစိမ်း ကပ်ပြီး ပါလာနေခဲ့ရင်လည်း အဆိုပါ လူစိမ်းကို ခွင့်ပြုချက်တောင်းရမယ်လို့ သိရပါတယ်။ ခွင့်ပြုချက်တောင်းဖို့ အခက်အခဲရှိပါက တခြား လူစိမ်းတစ်ယောက်ရဲ့ ဓာတ်ပုံကိုblur တာဖြစ်ဖြစ် စတစ်ကာနဲ့ အုပ်ထားတာဖြစ်ဖြစ် လုပ်ရမယ်လို့ ဥပဒေ အသစ်မှာ ပါဝင်လာပါတယ်။ 

Google

ပြစ်မူ့ကျုးလွန်သူများအား တိုင်ကြားခံရပါက 

အမေရိကန်ဒေါ်လာ 15,000 $ မှ 165,000  $ အထိ                 

သို့မဟုတ် ထိုင်းဘတ် 5 သိန်း မှ 5 သန်းအထိ ပြစ်မူ့အပေါ်မူတည်ပြီး ဒဏ်ငွေပေးဆောင် ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

Google

ဓာတ်ပုံထဲမှာ ကိုယ့်မျက်နှာက အခြားသူဆီမှာပါနေရင်းလည်း တရားစွဲလို့ ရမှာ ဖြစ်ပါတယ်။  ထိုင်းနိုင်ငံကိုအလည်သွားမယ့် မြန်မာနိုင်ငံသားများ အနေနဲ့ အခု ဥပဒေ အသစ်ကို သေချာ သတိထားပြီး ဆင်ခြင်နိုင်ဖို့အတွက်အခုအကြောင်းအရာလေးကို တင်ဆက်ပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။