အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှာ ဖြစ်ပွါးခဲ့တဲ့ ကျောင်းတွင်း ပစ်ခတ်မှုကြီးဟာ ကမ္ဘာကြီး တစ်ခု လုံးကိုတုန်လှုပ်ခြောက်ခြား သွားစေခဲ့ပါတယ်။ သေနတ်သမားရဲ့ ပစ်ခတ်မှုကြောင့် ရော့ဘ် မူလတန်းကျောင်းမှာကျောင်းသားကျောင်းသူ ၁၉ ဦးနဲ့ ဆရာမ ၂ ဦးဆုံးပါးခဲ့ပါတယ်။ ဒါကြောင့် မေလ ၂၉ ရက်နေ့မှာ အမေရိကန်သမ္မတကြီး ဂျိုးဘိုင်ဒင်နဲ့ အမျိုးသမီး ဖြစ်သူက ကွယ်လွန်သွားသူတွေရဲ့ မိသာစုဝင်တွေကို လာရောက်အားပေးနှစ်သိမ့်ခဲ့တယ်လို့ သိရပါတယ်။ 

Google
Google

သမ္မတ ကတော်ကြီးကလည်း ကလေးငယ်လေးနဲ့ ဆရာမ ၂ ဦးရဲ့ ဓာတ်ပုံလေးတွေ ကို လက်နဲ့ကိုင်ကာ ဝမ်း နည်းနေခဲ့တယ်လို့ သိရပါတယ်။ အခုလို ကျောင်းတွင်း အစုလိုက် အပြုံလိုက် ပစ်ခတ်မှုကြီးက ပြည်သူတွေမှာ ဖြစ်ခဲ့တာကြောင့် သမ္မတကြီး ဂျိုးဘိုင်ဒင်လည်း သူ့ရဲ့ ပြည်သူတွေအတွက် များစွာ စိတ်မကောင်း ဖြစ်နေခဲ့ ပါတယ်။ 

Google
Google

သမ္မတကြီး ဂျိုးဘိုင်ဒင်နဲ့ သူ့ဇနီး ဖြစ်သူတို့ စိတ်မကောင်း ဝမ်းနည်းဖြစ် နေတဲ့ ပုံရိပ်လေးတွေကိုဝေမျှပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။