မီရာလို့ခေါ်တဲ့ကောင်မလေးဟာ အမေရိကန်နိုင်ငံ၊တက္ကဆက်ပြည်နယ်၊ရော့ဘ်မူလတန်းကျောင်းတွင်း ပစ်ခတ်မှုမှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ သူလေးဖြစ်ပါတယ်။သေဆုံးသွားခဲ့ရတဲ့အတန်းဖော်သူငယ်ချင်းတွေနဲ့ ဆရာမတွေကြားထဲမှာမှ ခက်ခက်ခဲခဲ ရှင်သန်လွတ်မြောက်လာခဲ့သူလေး မီရာကအသက်၁၁နှစ်အရွယ်သာရှိပါသေးတယ်။ 

Google

ခြောက်ခြားစရာ ပစ်ခတ်မှုမြင်ကွင်းအစုံကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရတာကြောင့်လက်ရှိမှာ မီရာတစ်ယောက်ထရူးမားဖြစ်ပြီး စိတ်နဲ့လူနဲ့တောင်မကပ်ဖြစ်နေရှာပါတယ်။

Bbc

ပစ်ခတ်မှုဖြစ်စဉ်က အရမ်းကိုမြန်ဆန်ခဲ့တယ်လို့ မီရာကဆိုပါတယ်။သေနတ်သမားကရုတ်တရက်ရောက်လာပြီး သူမသူငယ်ချင်းတွေနဲ့ ဆရာမတွေကို သေနတ်နဲ့အဆက်မပျက်ပစ်ခဲ့တာလို့မီရာက ဆိုပါတယ်။မီရာရဲ့ အနားမှာလည်းသွေးအိုင်တွေနဲ့ ကျည်ဆံတွေ ပျံဝဲနေခဲ့တာကြောင့်သူမကိုယ်တိုင်လည်းတော်တော်လေး ဆောက်တည်ရာမရ ဖြစ်ခဲ့တယ်လို့ မီရာကဆိုပါတယ်။

Google

မီရာက သူမဘေးနားက သေဆုံးသွားတဲ့သူငယ်ချင်းရဲ့သွေးတွေကိုသုတ်လိမ်းပြီး သေချင်ယောင်ဆောင်ကာ ရှင်သန်လွတ်မြောက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

Google

သွေးတွေနဲ့အသက်မဲ့နေတဲ့ အတန်းဖော်သူငယ်ချင်း၁၉ယောက်နဲ့ ဆရာမ၂ယောက်ရဲ့ပုံရိပ်ကို ၁၁နှစ်အရွယ်မီရာလေး တစ်ယောက်ဘယ်လိုမှ မေ့ပျောက်နိုင်မှာမဟုတ်ပါဘူး။ သူမလွတ်မြောက်ခဲ့တဲ့ အတွေ့အကြုံကို ပြန်ပြောပြနေစဉ်မှာပဲ မီရာတစ်ယောက်ရာသီဥတုမအေးဘဲစောင်ကြီးခြုံပြီး တစ်ကိုယ်လုံး အေးစက်နေခဲ့တယ်လို့CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Source - CNN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။