ဒီကနေ့ မေလ ၂၇ ရက်နေ့ ၊ နေ့လည်ပိုင်းအချိန်ကစပြီး Facebook မှာ React ကြည့်လို့ မရတဲ့ error များဖြစ်ပေါ်နေခဲ့ပါတယ်။ Facebook react errorက Facebook မှာတင်ထားတဲ့  Post တွေအောက်မှာ  ပေးထားတဲ့ react တွေကိုဝင်ကြည့်လို့ မရတော့ဘဲ No Data Available လို့ ပေါ်နေတာဖြစ်ပါတယ်။ React မမြင်ရတဲ့ ဖြစ်စဉ် က မြန်မာပြည်ကလူတွေဆီမှာ တင်မဟုတ်ဘဲ တစ်ကမ္ဘာလုံးဆီမှာ ဖြစ်နေခဲ့တာပါ။ 

Google

အဆိုပါ error က Mobile ဖုန်းမှာရော Computer feature မှာဖြစ်နေတာလို့ သိရပါတယ်။ ဒါဟာ FaceBook ရဲ့error တစ်ခုလား ဒါမှမဟုတ် Facebook ဘက်ကနေ အသစ် ပြုလုပ်လိုက်တဲ့ privacy လုံခြုံရေး နဲ့ဆိုင်တဲ့ feature သစ်တစ်ခုလားဆိုတာ မသိရသေးပေမယ့် အသုံးပြုသူတွေကြားမှာတော့ ဝေဖန်မှု များ မြင့်တတ်နေ ပါတယ်။  

Google
Google

ဘာကြောင့် ဘယ်လို ဖြစ်တာလဲ ဆိုတာကိုတော့ ဆက်လက်ပြီး စောင့်ကြည့်သွားရဦးမှာ ဖြစ်ပါတယ်။ အခုအသုံးပြုနေတဲ့ သူတွေဆီမှာရော ဖြစ်နေလားဆိုတာ ပြောခဲ့ကြပါဦးနော်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။