အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ၊ ယူဗယ်ဒီမြို့မှာရှိတဲ့ ရော့ဘ်မူလတန်းကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုကြီးဟာ ကမ္ဘာတစ်ဝှမ်းကို တုန်လှုပ်ခြောက်ခြားသွားစေခဲ့ပါတယ် ။ ပစ်ခတ်ခဲ့ပြီးနောက် အခြေအနေက ဆိုးရွားခဲ့သလို ပစ်ခတ်မှု ဖြစ်ပွားခဲ့စဉ် အခြေအနေကလည်း လူအများကို တော်တော်လေး စိတ်မကောင်း ဖြစ်သွားစေခဲ့ပါတယ်။ သေနတ်သမား ဝင်ရောက်ပစ်ခတ်ခဲ့ချိန်မှာ  ဆုံးပါးသွားခဲ့ရတဲ့ ဆရာမ နှစ်ယောက် ရှိနေပါတယ်။ ဆရာမ နှစ်ယောက်က  သူတို့ကိုယ်သူတို့ လူသားဒိုင်း အဖြစ် စတေးပြီး အတန်းထဲက ကလေးတွေကို ကာကွယ်ပေးခဲ့ကြတာဖြစ်ပါတယ်။  

ဆရာမ နှစ်ယောက်ရဲ့ နာမည်က အာမာ ဂါစီယာနဲ့ အီဗာမီယာလက်စ် ဖြစ်တယ်လို့ သိရပါတယ်။ ဆရာမ အီဗာမီယာလက်စ် က သေနတ်သမား ပစ်ခတ်ချိန်မှာ ကလေးတွေရှေ့ကို ခုန်ပြီး ကျည်ဆံတွေကို ကာပေးရင်း ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။ ဆရာမ  အာမာ ဂါစီယာ ကလည်း သူမကိုယ်သူမ လူသားဒိုင်းအဖြစ်လုပ်ပြီး ကျည်ဆံတွေကို ကာရင်း ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။

အီဗာမီယာလက်စ်
အာမာ ဂါစီယာ

ဆရာမ အီဗာမီယာလက်စ် က အသက် ၄၄ နှစ်အရွယ်ရှိပြီဖြစ်ပြီး သူမမှာ သမီးလေး တစ်ယောက်ရှိပါတယ်။ ဆရာမ အာမာဂါစီယာ ဟာ ဆိုရင် အသက် ၄၆ နှစ်အရွယ်ရှိတဲ့သူဖြစ်ပြီး သူမဆီမှာလည်း သာသမီး ၄ ယောက်ရှိပါတယ်။  သားသမီးချင်းကိုယ်ချင်းစာတာကြောင့် မိမိကိုယ်ကိုယ်စတေးပြီး ကလေးတွေကို ကာကွယ်မှု ပေးခဲ့တဲ့ ဆရာမ အီဗာမီယာလက်စ် နဲ့ ဆရာမ အာမာဂါစီယာ ရဲ့ အဖြစ်ကတော့ တကယ်ကို လေးစား အံ့သြဖို့ ကောင်းလှပါတယ်နော်။

Google

အမေရိကန် တက္ကဆက်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ သေနတ် ပစ်ခတ်မှုမှာ ကျောင်းသား ၊ ကျောင်းသူ ၁၉ ယောက်နဲ့ ဆရာမ ၂ ယောက် ကွယ်လွန်ဆုံးပါးသွားခဲ့ရပါတယ်။ သေဆုံးခဲ့တဲ့ ကလေးလေးတွေက အသက် ၇ နှစ်ကနေ ၉ နှစ်အရွယ်သာရှိသေးပြီး ထူးချွန်ဆုတွေရထားတဲ့ ကလေးတွေ ဖြစ်ပါတယ်။ သူတို့ထဲက အသက် ၁၀ နှစ်အရွယ် ကလေးလေးဆို ကရတာကို အရမ်း ဝါသနာပါတယ်လို့ သိရပါတယ်။ စိတ်မကောင်းစရာ အခြေအနေလေးကို သုံးသပ်ကြည့်ရရင် လူတွေဟာ ကောင်းတဲ့သူတွေ ရှိသလို မကောင်းတဲ့ သူတွေ ရှိနေတာကို ထင်ထင်ရှားရှားတွေ့ရပါတယ်နော်။ စိတ်မကောင်းစရာ အကြောင်းလေးကို အားလုံးအတွက် ဝေမျှပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။