အမေရိကန်ပြည်ထောင်စု တက္ကဆပ်ပြည်နယ် တောင်ပိုင်းရှိ မူလတန်းကျောက်မှာ ၁၈ နှစ်အရွယ် သေနတ်သမားကဝင်ရောက်ပစ်ခက်မှုကြောင့် ကလေးငယ် ၁၈ ဦးနဲ့ လူကြီး ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

Photo credit to original uploader

သေနတ်သမား က ပြန်လည်ခုခံခဲ့တာကြောင့် အခြား ရဲအရာရှိများက အဆိုပါ သေနတ်သမားများကိုပြန်လည် ပစ်ခတ်ခဲ့ရာမှာ သေနတ်သမားက နေရာ မှာတင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသွားခဲ့ရတဲ့ ကလေး ငယ်လေးများကို အောက်မှာ ဖော်ပြထားပါတယ်။ 

Photo credit to original uploader

သေနတ်ပစ်ခတ်မှုကြောင့် ကလေးငယ်များ သေဆုံးခဲ့တာကြောင့် ကလေးမိဘတွေမှ များစွာ ယူကြုံးမရ ဖြစ်ခဲ့ကြပါတယ်။ သားသမီးများဆုံးပါးသွားခဲ့တာကြောင့် ယူကြုံးမရ ဖြစ်နေတဲ့ မိဘများရဲ့ ပုံရိပ်လေးတွေကလည်း လူမှုကွန် ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့နေပါတယ်။

Photo credit to original uploader
Photo credit to original uploader

 ကလေးငယ်များကို သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ အမျိုးသားက အသက်၁၈ နှစ်သာ ရှိပါသေးတယ်။ ဘယ်လိုစိတ် မျိုးနဲ့ အခုလို လူမဆန်တဲ့ ကိစ္စမျိုး လုပ်ခဲ့တာလည်းဆိုတာ မသိပေမယ့်သေနတ်သမားရဲ့ စိတ်ဓာတ်ကတော့ တော်တော်လေး ဆိုးရွားလွန်းပါတယ်နော်။ ချစ်စရာ ကလေးငယ်လေးတွေကိုဆုံးရှုံးသွားရတဲ့ မိဘတွေကိုယ်စား စိတ်မကောင်း ဖြစ်မိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။