လှံထမ်းလာတာကို မြင်ရ ကံထမ်းလာတာကို မမြင်ရ ဆိုသလို လူသားတွေက ကံဆိုတဲ့ မမြင်ရတဲ့ အရာကြီးကိုစမ်းသပ်ရတာ ဝါသနာပါကြပါတယ်။ ကံစမ်းရတာကို ဝါသနာ ပါသူတွေထဲမှာ ငွေကြေး ချမ်းသာတဲ့ သူတွေရှိသလို ငွေကြေး မပြည့်စုံတဲ့ သူတွေလည်း ရှိပါတယ်။ စစ်တမ်းအရ ငွေကြေး မပြည့်စုံသူတွေက ပိုပြီးတော့ ကံစမ်းရတာဝါသနာ ပါကြတာကို တွေ့ရှိရပါတယ်။

Google

ကံစမ်းတဲ့ထဲမှာ ထိုင်းထီကံစမ်းခြင်းဟာလည်း နာမည်ကြီးတဲ့ ကံစမ်းခြင်း တစ်ခု ဖြစ်ပါတယ်။ ပေါက်ကဏန်းများတာရယ်၊ ပေါက်ဖို့ အခွင့်အရေးများတာရယ်ကြောင့် ထိုင်းထီကို ထိုင်း လူမျိုးတွေသာမက မြန်မာ လူမျိုးတွေပါ တွင်တွင်ကျယ်ကျယ် ကံစမ်း လေ့ရှိကြပါတယ်။ 

Google

ဒီတစ်ပတ် မေလ ၁၆ ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ ထိုင်းထီကတော့ တကယ့် ကို ဝမ်းသာစရာကြီးပဲ ဖြစ်ပါတယ်။ ထိုင်းထီရဲ့ အမြင့်ဆုံး ဆုဖြစ်တဲ့ ဘတ် ၆ သန်းဆုကို ထိုင်းရောက် မြန်မာ နှစ်ဦးက ဆွတ်ခူးခဲ့ကြတယ်လို့ သိရပါတယ်။ 

ဘတ်၆သန်းဆုရှင် ဇနီးမောင်နှံ

ဘတ် ၆ သန်းတစ်ဆု ကို ထိုင်းရောက်မြန်မာ ဇနီးမောင်နှံက ဆွတ်ခူးခဲ့ပြီး နောက်ထပ် ဘတ် ၆ သန်း ဆုတစ်ခုကိုထိုင်းရောက် မြန်မာ အမျိုးသမီးကဆွတ် ခူးခဲ့တာ ဖြစ်ပါတယ်။ 

ဘတ် ၆ သန်း ဆုရှင် အမျိူးသမီး

ဘတ် ၆ သန်းဆိုတာ မြန်မာငွေနဲ့ တွက်ကြည့်ရင်သိန်း ပေါင်း ၃၅၀၀ ကျော်ပါတယ်နော်။  တစ်ဆုတည်းတောင် ပေါက်ဖို့ မလွယ်တဲ့ ထိုင်းထီအမြင့်ဆုံးဆုတွေကိုထိုင်းရောက်မြန်မာတွေ အခုလို ကံထူးခဲ့တဲ့အတွက် များစွာ ဝမ်းမြောက် ပျော်ရွှင်မိပါတယ်။

Photo Credit to original uploader 
Photo Credit to original uploader 

Source - Ye Min

Select an image

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။