ဧရာဝတီတိုင်း ဒေသကြီး မအူပင် မြိုနယ်မှာ ယမန်နေ့ မေလ ၁၆ ရက်နေ့ ညနေပိုင်းက လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ် ၁၆၂ လုံး ပျက်ဆီးသွားတယ်လို့ သိရပါတယ်။ လေပြင်း တိုက်ခတ်ခံခဲ့ရ တဲ့ နေရာတွေက ဧရာဝတီတိုင်းဒေသကြီး မအူပင် မြို့နယ် ၊ ကျွဲဒုံးကျေးရွာအုပ်စု ၊ ကံကုန် ကျေးရွာ အုပ်စု ၊ ဆိပ်သာ ကျေးရွာအုပ်စုနှင့် နတ်စင်ကျေးရွာအုပ်စု တို့ဖြစ်ပြီး ကျေးရွာအုပ်စု ၁၂ စုမှ နေအိမ်များပျက်စီးခဲ့တယ်လို့ သိရပါတယ်။ 

MFSD
MFSD
MFSD

လေပြင်းတိုက်ခတ်ခဲ့တဲ့နေအိမ်တွေက စုစုပေါင်း ၁၆၂ လုံ အထိရှိပြီး ထိခိုက်ဒဏ်ရာ ရသူတော့မရှိဘူးလို့ သိရပါတယ်။ 

MFSD
MFSD

ထိခိုက်ပျက်စီးသွားတဲ့ နေအိမ် ၁၆၂ လုံးထဲမှာ လူနေအိမ် ၁၃၀ လုံးက အမိုးလန်ပြီး ၃၂ လုံးက ပြိုကျပျက်စီးသွားတယ်လို့ သိရပါတယ်။ ပုံမှန်လေပြင်း တိုက်ခတ်နေကြ ပုံစံတွေနဲ့ ယှဉ်ရရင် အခု လေပြင်း တိုက်ခတ်မှုကတော်တော်လေး ဆိုးရွားတယ်လို့ ပြောလို့ရမှာ ဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။