လှည်းတန်းမှာ ခါးပိုက်နှိုက် ဖမ်းပေးရင်းနဲ့  လူ ၈ ယောက်ရဲ့ ဝိုင်းရိုက်ခြင်းကို ခံရကာသေဆုံးသွားခဲ့ရတဲ့ ဆိုက်ကားဆရာ ဦးလေးကြီးကို ကိုပူတူးနဲ့ သူငယ်ချင်းများမှ သွားရောက် ကူညီ လှူဒါန်း ပေးခဲ့ကြတယ်လို့ သိရပါတယ်။ 

ဆုံးပါးသွားတဲ့ ဆိုက်ကား ဆရာဦးလေးကြီးဆီမှာ မိန်းမနဲ့ သားလေးတစ်ယောက် ကျန်ခဲ့ပြီး အိမ်တစ်အိမ်ရဲ့အိမ်ထောင်ဦးစီး ဆုံးပါးသွားခဲ့ရတာကြောင့် မိသားစု အနေနဲ့ များစွာ ဒုက္ခရောက်နေပါတယ်။ 

သွားရောက်လှူဒါန်းခဲ့တဲ့ ကိုအာပူတူးရဲ့ အတွေ့အကြုံ ခံစားချက်လေးကို အောက်မှာဖော်ပြပေးထားပါတယ်။ 

ArrPuu Tuu’s Facebook

“ဖေကြီးကို…လူ(၈)ယောက်က ဝိုင်းရိုက်ပြီ သတ်လိုက်ကြတာ ??

လှည်းတန်းမှာ ခါးပိုက်နှိုက်အား ဖမ်းဆီးပေးရင်း…

အသတ်ခံလိုက်ရတဲ့…ဆိုက်ကားဆရာ အကိုကြီးရဲ့ မိသားစုထံသို့ ခုည ရောက်ခဲ့ပါတယ် ?

တကယ့်ကို အဆင်မပြေဘူး…မိန်းမ နှင့် သားလေး (၁)ယောက်ကျန်ခဲ့တယ် 

မိသားစု တစုရဲ့ အိမ်ထောင်ဦးစီး ရှာကျွေးသူ အသတ်ခံလိုက်ရတော့…တကယ့်ကို ဒုက္ခရောက်ရှာတယ် ?

ခံစားရဆုံး စကားလေး တခွန်းကို ကလေးဆီက ကြားလိုက်တယ် ?

`သား ဖေကြီးကို လူ(၈)လောက်က ဝိုင်းရိုက်ပြီ သတ်လိုက်တာ’ တဲ့ ???

ပန်းချီလေးတောင် ဆွဲထားသေးတယ်တဲ့ ?

အသက် (၅)နှစ်အရွယ်…အရွယ်မရောက်သေးတဲ့ ကလေးတယောက်ရဲ့ စိတ်ထဲက နားကျဉ်းမှုက ရင်ထဲကို အတော်ခံစားရတယ် ဗျာ ??

အမ ဘာလုပ်ချင်လဲ မေးကြည့်​တော့….

ကျမ ယောင်္ကျားအလောင်းပြန်မရဘူး ?…ဘယ်လို သဂြိုဟ်လိုက်လဲ မသိဘူး…

ကျမ သူ့အတွက် ရည်းစူးပြီ (၁)လပြည့် အလှူလေး လုပ်ချင်တဲ့ ဆန္ဒပဲ ရှိပါတယ် အကိုရယ် ??

ဟုတ်ကဲ့ အမ…ရော့ 100,000 Ks ??

အကို့တွက် ရည်းစူးပြီ အလှူလေး လုပ်လိုက်နော် ??

ကျေးဇူးတင်ပါတယ် အကိုရယ်…ကျမ သူ့အတွက် ရည်းစူးပြီ အလှူလေးလုပ်လို့ရပြီ ??

ဟုတ် အမ…သားသားလေးလဲ ပညာတတ်ကြီး ဖြစ်အောင် ကြိုးစားနော်…အမေကိုလဲ ကာကွယ်စောင့်ရှောက်ရမယ်နော် 

•အော…အများကို ကူညီနေရင်…ကျေနပ်နေသူ…ခု ခင်ဗျာ ကူညီရင်ူ အသက်ပေးခဲ့ရပြီ ??

ကောင်းရာမွန်ရာ ဘုံဘဝသို့ ရောက်ရှိပါစေ အကို ??????”

ArrPuu Tuu’s Facebook

ကိုပူတူးနဲ့ ဘော်ဒါများအဖွဲ့ ဟာဆိုရင် ဆင်းရဲနွမ်းပါးသူများ အဖိုးအဖွားများနှင့် အကူအညီလိုအပ်နေတဲ့ သူများကို ကူညီလှူဒါန်းပေးတဲ့ အဖွဲ့ ဖြစ်ပါတယ်။ ကိုအာပူတူးနဲ့ ဘော်ဒါများဆီကနေတစ်ဆင့် အကူအညီလိုအပ်နေသူများကိုလှူဒါန်းပေးလိုပါက ကိုပူတူးနဲ့ သူငယ်ချင်းများဆီ တိုက်ရိုက် ဆက်သွယ်လှူဒါန်းပေးနိုင်ပါတယ်နော်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။